ကားထဲ ဝင်,ဝင်လိုက်ချင်း သူကျေးဇူးတင်လိုက်မိ​၏။

"ကျေးဇူးပဲ၊ မင်းကို ဒုက္ခဖြစ်စေခဲ့လို့ အားနာပါတယ်!"

အရင်ကသူ့ဆီမှာ တစ်ခါမှမကြုံဖူးသည်မို့ သူ တကယ်ပက် ထိရှသွားမိခဲ့သည်။ ဒါက သူအထက်တန်းကျောင်း မိုးအရမ်းရွာနေတုန်း ကျောင်းမှာပိတ်မိနေတာမျိုးနဲ့ အလားတူပင်။ သူ့မှာ ရုတ်တရက် သူ့အမေရောက်လာပြီး ထီးလာပို့ပေးဖို့ မျှော်လင်ခဲ့ဖူးသည်။

ကွဲပြားသွားသည်ကတေ့ အထက်တန်းကျောင်းတုန်းက သူ့အမေ ထီးလာပေးတာကို မစောင့်ခဲ့တော့ပေမယ့် တက္ကသိုလ်ကျမှ အတန်းဖော်က သူ့ကို လာခေါ်မှာကို စောင့်နေခဲ့ရသည်။

တခြားသူတွေထံမှ ဂရုစိုက်ခံရတဲ့ ခံစားချက်က သူ့ရင်ထဲမှာ အကြိမ်တစ်ထောင်လောက် ပျော်ပျော်ကြီး ပြန်အမှတ်ဖော်နိုင်မည့် ခံစားချက်မျိူးဖြစ်သည်ပင်။

သတိမမူမိခင် တစ်ခဏမှာပဲ သူ့ရဲ့ လွန်နေတဲ့အတွေးတွေကို အဆုံးသတ်လိုက်ပြီး သယ်သွားခံရသည်။ ဒါက ချင်ဝေ့ဟော်သူ့အပေါ်မှာ အရမ်းကောင်းပေးတာက သူ့ကို စာနာလို့ဆိုတာကို အန်းနင် ကိုယ့်ကိုယ်ကိုယ် သတိပေးနေရသည်။ အဲ့ဒီအစားလျန်ရှန်းဟန်နဲ့ ရှောင်ပေါင်ဆိုရင်လဲ သူက အလားတူပဲ လုပ်ပေးနေမှာပဲ။

မင်းကိုယ်မင်း အမြင့်ကြီးမတွေးရဘူး အန်းနင်!

ချင်ဝေ့ဟော်က ဒရိုင်ဘာကို လိပ်စာတစ်ခုပေးလိုက်သည်။ ဘယ်ရပ်ကွက်လဲဆိုတာတော့ အန်းနင်မသိ။ ဒရိုင်ဘာဦးလေးက လှည့်လာပြီး မေးလာ​၏။

"လန်ထျန်းနိုင်ငံရဲ့ ဘေးကလား?"

ချင်ဝေ့ဟော်က "အင်း" ဟူသောအသံပြုလိုက်ပြီး အန်းနင်က သူ့ကို ကြည့်လာတဲ့အခါမှာတော့ သူကပြောပြလာသည်။

"ငါနေတဲ့နေရာ သွားနေတာ"

သူ စကားပြောလိုက်ချိန်တွင် အသံက အက်ကွဲနေပြီး အထူးတလယ်လဲ နိမ့်ရှနေသည်။

အန်းနင် နည်းနည်းလေး အံ့ဩသွားရပြီး,

"မင်း အိမ်ငှားတာကို Cancelမလုပ်ခဲ့ဘူးလား ?!"

ချင်ဝေ့ဟော်က လည်ချောင်းရှင်းလိုက်၍ ပြောလာသည်။

"တစ်နှစ်စာ ငှားပြီးသား၊ ဒါကြောင့် ငါ ပြန်ပေးလို့မရဘူး"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now