❄Part (75)❄နတ်ဆိုးထက်ဆိုးတဲ့သူ

Start from the beginning
                                    

ကျုံးရန်းယီ - "ဘာလဲ? မင်းကကြောက်နေတာလား?"

"ဟ ဘာကိုကြောက်ရမှာလဲ? ရွှမ်းယင်က မဆိုင်တဲ့သူတွေကို မထိခိုက်စေဖို့ မှာထားလို့သာ မဟုတ်ရင် ငါမင်းကို အရင်ကတည်းက သတ်ပြီးလောက်ပြီ"

ရွှမ်းယင်အကြောင်း ပြောလိုက်တော့မှ ယွီချီးစီနဲ့အတူ ရွှမ်းယင် ပါမလာကြောင်းကို ကျုံးရန်းယီ သဘောပေါက်သွားသည်။ ထိုအချိန်တွင် ယွီချီးစီ နဲ့ နတ်ဘုရားချုပ်တို့မှာ ဒုတိယမြောက် တိုက်ပွဲကိုပင် တိုက်ခိုက်နေကြပြီ ​ဖြစ်၏။

နန်းဆောင်ထဲရှိ နတ်ဘုရားတို့ အသုံးအဆောင် စားပွဲနှင့် ဖလားများ ပျက်စီးကုန်ပြီ။ ယွီချီးစီကို တိုက်ခိုက်နေတဲ့ နတ်ဘုရားချုပ်ရဲ့ စွမ်းအင်လှိုင်းတွေက ပို၍ပို၍ ပြင်းထန်ရက်စက်လာသည်။ အကြောင်းကတော့ ယွီချီးစီကဒီနေ့ သူ့အသက်ကို ယူတော့မယ် ဆိုတာကို သိလိုက်တာကြောင့်လေ။

နတ်ဘုရားချုပ် ဓားဝေ့ယမ်းကာ စွမ်းအင်များကို ဖြာထွက်သွားစေလိုက်သည်။ တစ်ဖက်က ယွီချီးစီဟာလည်း အစိမ်းရောင် အငွေ့တန်းကြီး တစ်တန်းကို ပစ်လွှတ်ကာ နတ်ဘုရားစွမ်းအင်ကို ကာကွယ်ထားလိုက်၏။ သူမိုးတိမ်မီးအိမ်ရဲ့ စွမ်းအားကိုတော့ ထုတ်မသုံးတော့ပေ။

အဲဒါကိုလည်း နတ်ဘုရားချုပ်မှာ သတိထားနေရသေးသည်။ မိုးတိမ်မီးအိမ်က ရွှမ်းယင်ပိုင်ဆိုင်တဲ့ အဆုံးမဲ့ပြည်တော်က မှော်လက်နက်တစ်ခုပဲ။ သူက ဝိညာဥ်တွေကို ထိန်းချုပ်နိုင်သလို အသုံးပြုသူရဲ့ စွမ်းအားမြင့်ပါက မိုးနဲ့လေကိုပင် ထိန်းချုပ်နိုင်၏။

နတ်ဘုရားချုပ် ရွှေရောင်အလင်းတွေ ဖြာထွက်နေသော သူ့ရဲ့ဓားကို ကြမ်းပြင်တွင် ခပ်ပြင်းပြင်း ထိုးစိုက်လိုက်သည်။ ထိုအချိန်တွင် ယွီချီးစီက သူ့ထံကို ပြေးလာတာကြောင့် လက်စည်းတံဆိပ်ဖြင့် စွမ်းအားလှိုင်းလုံးတစ်လုံး ပစ်လွှတ်လိုက်ရသေးသည်။

'ဝွီ'

'ဝုန်း.....'

ယွီချီးစီ ထိုစွမ်းအင်လှိုင်းလုံးကို ကန်ထုတ်ပစ်လိုက်ရာ နန်းဆောင်တိုင်လုံးတစ်လုံး ကျိုးကြေသွားလေ၏။ ယွီချီးစီ ထိုစွမ်းအင်လှိုင်းလုံကို ခုခံနေသည့် အချိန်မှာ နတ်ဘုရားချုပ်သည် ရှုပ်ထွေးသော လက်စည်းတံဆိပ် တစ်ခုကို ဖော်နေသည်။

Until Death (OC) Complete Where stories live. Discover now