🌹စေတန်နတ်ဆိုး၏။ ကြင်ယာတော်ဖြစ်လာခြင်း🌹

Começar do início
                                    

ထိုချမ်းသာရွယ်ဝသည့် သူဌေးလင်မယားနှစ်ယောက်လည်း သဲလင်းကျောက်နှင့်ပြုလုပ်ထားသော လှပသော ပစ္စည်းများအားရွေးကြနေရင်း

"ယောက်ျား ဒီဟာလေး မလှဘူးလား"

ထိုအမျိုးသမီးလက်ညိုးထိုးပြသည့်
သဲလင်းကျောက်ဟာဆိုရင်ဖြင့်
ပုံသဏ္ဏာန်အားဖြင့် တြိဂံလိုလိုပုံကိုမှ
အပေါ်အောက်ကျွံသောသဏ္ဏာန်ရှိပြီး

တြိဂံပုံကိုမှ ဆောင့်ထိုး
ပြောင်းပြန်ဆက်ဖြစ်နေခါ
အရောင်မှာလည်း
မဲနက်နေလျှက်
တောက်ပခါနေပေ၏။

"လှတာပေါ့ မင်းနဲ့ဆို အရမ်းတော်ဝင်ဆန်တာဘဲ
ဟ ဟ ဟ"

"လူကြီးမင်းတို့ စိတ်ကြိုက်တွေ့တယ်ဆိုတော့
ဝမ်းသာပါတယ်ရှင် ကျွန်မတို့ဆိုင်မှာ
ဒီလိုပုံစံ အမျိုးအစားက တော်တော်ရှားတာ
လူကြီးမင်းတို့တော်တော်ကံကောင်းတာဘဲ"

"ဟုတ်လား ဒီလိုဆိုရင်တော့
အရမ်းကို ကြိုက်သွားပြီကွယ်
ယောင်္ကျား
ကျွန်မတို့ဒါဘဲယူလိုက်ကြမလား"

"ကိုယ်ရဲ့မိန်းမမွေးနေ့ဘဲ ကြိုက်တာယူ
ဝယ်ပေးရမှာပေါ့ hahaha"

"ဟုတ်ကဲ့ ဝယ်ယူအားပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ရှင်"

ဤသို့ဖြင့် ထိုလင်မယားနှစ်ဦးလည်း
လော့ကပ်သီးကိုမှ
ဆွဲကြိုးဖြင့်တွဲလျက် ဝယ်လိုက်ကြပေတော့သည်။

ထိုအချိန်မှာပင် ထိုသူတို့၏။
မလှမ်းမကမ်းအနားတစ်နေရာတွင်

ဝတ်ရုံအမဲဝတ်ဆက်ဝတ်ဆင်ထားသော
မျက်နှာမဖော်လိုသူ
အမျိုးသမီးတစ်ဦးမှ မိမိတို့အား
စောင့်ကြည့်နေသည်ကို
သတိထားမိပုံမပေါ်ပေ။

ဤသိုဖြင့်
အိမ်သို့ပြန်ရောက်လာသောအခါ
ထိုအမျိုးသမီးလည်း
မှန်ရှေ့မှာထိုင်နေရင်း
ဆွဲကြိုးအား စမ်း၍ဝတ်ကြည့်နေ၏။

ထို့နောက် မှန်ထဲမှနေ၍
မျက်နှာဖုံးအဖြူရောင်ကိုတပ်ဆင်ကာ အနက်ရောင်အဝတ်အစားဝတ်ထားသူ
တစ်ဦးမှ မိမိအား
အနောက်မှစောင့်ကြည့်နေသည်ကို
သတိထားမိပုံမပေါ်ပေ။

ဆွဲကြိုးကိုသာအာရုံရှိနေသည်မှာ
အမှန်။

"" လှလိုက်တာ ချဝတ်လို့
မဖြစ်သေးပါဘူး
ဖြုတ်ထားအုန်းမှပါလေ ယောက်ျားနဲ့
ညကျရင်ညစားအတူစားသွားမှဘဲ
ဝတ်သွားရမယ် ""

🌹 စေတန်နတ်ဆိုး၏။ ကြင်ယာတော်ဖြစ်လာခြင်း 🌹(completed)Onde as histórias ganham vida. Descobre agora