" ဟော ဟိုမှာH&Sရဲ့ သူဌေးလေးရောက်လာပီ "

ထိုလူက clubထဲ၀င်ရောက်လာတဲ့ ဟန်နရီကိုလက်လှမ်းပြလိုက်သည် ဟန်နရီကတော့ လှိုင်းတို့ clubထဲကိုအခုမှရောက်ဖူးတာမို့ သိပ်တော့အသားမကျ

" Companyကကိစ္စတွေကို မနက်ဖန်အလုပ်ကျမှပြောလဲရတာကို ကျတော့်ကိုဘာလို့ဒီကိုချိန်းတာလဲ "

" မောင်ရင်နဲ့တွေ့ရဖိုက ခက်တယ်လေ အဲ့တာကြောင့် မောင်ရင်အားတဲ့အချိန်ကိုခေါ်လိုက်တာ "

" Companyကနေ ပစ္စည်းတွေပို့မဲ့စာရင်းလိုချင်တာမှတ်လား ရော့...ဒီမှာအဲ့စာရင်း ကျတော်အချိန်သိပ်မရဘူး အိမ်ပြန်ရအုံးမယ် "

" အိမ်ကအေးဆေးမှပြန်လဲရပါတယ်ကွာ ဒီမှာနဲနဲပါးပါးလောက် ပျော်ပါးလိုက်ပါလား "

တဖက်လူက ဟန်နရီနဲ့စကားပြောပီး လှိုင်းရဲ့လည်စပ်နားကို မထိတထိလေးနမ်းလိုက်သည် လှိုင်းကတော့ ထိုလူနဲ့မထိအောင်ရှောင်လိုက်ပေမဲ့ လက်ကိုအတင်းဆွဲထားတာကြောင့် ကျိတ်မှိတ်ကာသည်းခံနေရသည်

" ကျစ်!! စောက်သက်ကြီးပီး ရွံစရာကောင်းလိုက်တာ "

ဟန်နရီရဲ့စကားကြောင့် တဖက်လူရဲ့မျက်နှာက ချက်ချင်းရုပ်ပျက်သွားကာ ဟန်နရီဆီပြန်ဦးတည်လာသည်

" မောင်ရင် ဘယ်သူ့ကိုပြောတာလဲ "

" ဘယ်သူလဲဆိုတော့ ကျုပ်မျက်စိရှေ့မှာရှိနေတဲ့ခင်ဗျားကိုပြောတာ "

" မင်းမိုက်ရိုင်းလှချည်လား ငါကမင်းတို့ Companyနဲ့လက်တွဲထားတဲ့လူနော် လက်တွဲဖြုတ်လိုက်ရင် မင်းတို့ Companyပဲနစ်နာမှာ "

" ကျုပ်က Companyနစ်နာတာလောက်ကို အရေးစိုက်ရအောင် အဲ့အလုပ်တခုထဲလုပ်နေတယ်ထင်နေတာလား အဟက် "

" မင်းနဲ့မဆိုင်ရင် မသိသလိုနေလိုက် "

တဖက်လူက ဟန်နရီကိုအရွဲ့တိုက်ကာ လှိုင်းရဲ့အင်္ကျီထဲလက်လျှို၀င်ကာ လှိုင်းရဲ့နှုတ်ခမ်းတွေကို အကြမ်းပတမ်းနမ်းရှုံ့လိုက်သည် မျက်ရည်လေးတွေ၀ဲနေတဲ့ကောင်လေးကတော့ လက်သီးလေးတွေဆုပ်ကာ ကြိတ်မှိတ်သည်းခံနေရတဲ့ပုံပင်

HANARY(S1+S2) Where stories live. Discover now