မင်းသာ Protector ဖြစ်အောင် သင်ချင်တယ်ဆိုရင် ငါ့အတွက် Protector ဖြစ်အောင်သင်ရမယ်'ဆိုတာပင်။

အန်းနင် ဒါကို လွန်ခဲ့တဲ့ အချိန်တွေကတည်းက တွေးခဲ့ပြီးသားပင်; သူတို့တွေ ဘူတာမှာရှိနေစဉ်တုန်းကဖြစ်သည်။

ချင်ဝေ့ဟော်က သူနဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေပြီး တစ်မှေးအိပ်ရန် ခေါင်းကို ငုံ့ထားစဉ်က အန်းနင် ချင်ဝေ့ဟော်ရဲ့ ခေါင်းအစခြေအဆုံး မျက်စိနဲ့ ထပ်ခါတလဲလဲ စစ်ဆေးနေမိသည်။ သူနဲ့ယှဉ်ရင် သူ့ခြေထောက်တွေကဘယ်လောက်ရှည်လဲ, သူနဲ့ယှဉ်ရင် သူ့ပုခုံးတွေကဘယ်လောက်ကျယ်သလဲ, သူနဲ့ယှဉ်ရင် သူ့ကိုယ်လုံးကိုယ်ထည်က ဘယ်လောက်ကြီးသလဲ၊ ပြီးတော့ သူနဲ့ယှဉ်ရင် သူ့ကြွက်သားတွေက ဘယ်လောက်ပိုများသလဲ ဆိုတာတွေကိုပင်...

ချင်ဝေ့ဟော်က သူဟာ ၇၀ကီလိုဂရမ် ကျော်ကြောင်း တစ်ခါပြောပြခဲ့ဖူးသည်၊ ၎င်းက သူ့ထက် ၁၀ကီလိုဂရမ်ကျော် ပိုလေးတာပင်။ ၁.၈၆ မီတာမြင့်ပြီး ၇၀ကီလိုဂရမ်ကျော် လေးတယ် - သူက တစ်ဖက်လူအတွက် Pritectorဖြစ်နိုင်ပါ့မလား?

ချင်ဝေ့ဟော်ကို အကြာကြီးစိုက်ကြည့်နေမိပြီး သူ နည်းနည်းတော့ ရှက်သလိုခံစးရသည်။ ဒါက သူ အမှတ်တမဲ့နဲ့ ချင်ဝေ့ဟော်ရဲ့ ဘော်ဒီဆိုဒ်ကို မှတ်မိအောင်လုပ်နေသကဲ့သို့ပင်။ ကံမကောင်းစွာဘဲ သူ့ကို ထပ်ခါထပ်ခါစိုက်ကြည့်နေတာကအသုံးမဝင်ပေ။ အဲ့ဒါက ချင်ဝေ့ဟော်ကို သူ့ထက် နှစ်နည်းနည်းလောက်ငယ်နေတဲ့ပုံစံမျိုးနဲ့ကြည့်နိုင်တာမျိူး မဟုတ်ပေ။

​ဒါသာ ၁၅နှစ်သား ချင်ဝေ့ဟော်ဖြစ်နေရင် သူ လွယ်လွယ်ကူကူနဲ့ ကိုင်တွယ်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်မည်။ သို့သော် အခုကတော့ မဖြစ်နိုင်တော့ပေ,အဘယ့်ကြောင့်ဆိုသော် သူတို့တွေ့စဉ်ကတည်းက ချင်ဝေ့ဟော်က အခုလောက်ထိ အရပ်ရှည်နေခဲ့ပြီဖြစ်သည်။ စင်စစ်တွင်တော့ သူ အင်တာနက်မှာ ရှာဖွေလို့ရတဲ့ ဆက်စပ်သင်ကြားပေးတဲ့ ဗွီဒီယိုတွေကိုအတည်ပြုပြီး ၎င်းတို့ကို ကြိမ်ဖန်များစွာ ကြည့်ခဲ့မိသည်။ ညအခါ အိပ်ရာထက်မှာ လှဲနေရင်း လှုပ်ရှားချက်တွေကို စိတ်အားထက်စန်စွာ လေ့ကျင့်ခဲ့သည်။ သို့တိုင် ဒါက မလုံလောက်ပါဘဲ တွေးကြည့်ရုံမျှဖြစ်ပြီး ကိုယ်တွေ့ကြိုးစားချင်မိ၍ သူအကူအညီတောင်းနိူင်တဲ့ တစ်ဦးတည်းသောသူမှာ ချင်ဝေ့ဟော်ပင် ။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now