ကိုကြီးရင်ရိပ်တရေးအိပ် {13} unicode

3.2K 113 0
                                    

ကိုကြီးရင်ရိပ်တရေးအိပ် ၁၃😴

အပိုင်း ~ ၁၃

#မင်းမို့လို့ အချည်ခံလိုက်တာပါ။

ညက၁၂နာရီပင်ထိုးသွားပြီခုထိကိုကြီးကပြန်မရောက်သေး၍..တစ်အိမ်လုံးမှာသူမတစ်ယောက်ထဲဖြစ်

နေသည်။ ဘယ်လောက်ပဲလူပျိုညကိုပျော်ပါစေအုံး

ကိုကြီးအဲ့လောက်အထိနေဖို့မကောင်းဘူး..

အနမ်းကြောက်တတ်တာသိရဲ့သားနဲ့။

မင်္ဂလာဦးအခန်းလေးထဲမှာကိုကြီးအလာစောင့်နေ

ရင်း....

ဒီအခန်းကအရင်ကကိုကြီးအခန်းပါပဲ၊၂ယောက်နေ

ဖို့ပြန်လည်ပြင်ဆင်ပြီး..အနမ်းကြိုက်တဲ့အဖြူရောင်

ဆေးပြန်သုတ်ထားတော့အသစ်လိုဖြစ်နေသည်။

ခိုးပြေးပြီးနောက်နေ့ရက်တွေပေါ့ ..ဆေးသုတ်တုန်း

ကလူဌားမခိုင်းပဲကိုကြီးကိုယ်တိုင်မျက်နှာကြက်တွေထိဆေးတတ်သုပ်..အနမ်းကလိုက်စနဲ့အင်မတန်ပျော်ဖို့ကောင်းခဲ့တာကိုအမှတ်ရမိသည်

ဆေးသုတ်ပြီးတော့ မင်္ဂလာကုတင်နဲ့ခန်း၀င်ပစ္စည်း

တွေကိုနှစ်ယောက်အတူရှော့ပင်းထွက်ဖြစ်သေး

တယ်။

" အနမ်း ကြိုက်တာရွေးယူလို့ရလား ကိုကြီး"

" ကြိုက်တာကိုပဲ ယူမှာကိုများ မေးနေသေးတယ်"

ဟွင်း...ဟွင်း☺️

ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း၊ ဖက်လုံး အားလုံးကို အဖြူရောင်ဆွတ်ဆွတ်လေးတွေပဲရွေး၀ယ်

ခဲ့သည်။နံရံကပ်ဗီဒိုကိုလည်းအလူမီနီယံအဖြူရောင်ပဲရွေး၀ယ်သည်။မှန်တင်ခုံကလဲအဖြူရောင်

မလေးရှားကြိတ်သားနဲ့ ချစ်စရာသေးသေးလေး။

အိပ်ခန်းနံရံထောင့်မှာပန်းအိုးလေးတင်ဖို့ ကြိမ်စားပွဲလှလှလေးတစ်လုံး။

အနမ်းတစ်ယောက်အိပ်ရာပေါ်က အိပ်ရင်း ဇိမ်ကျကျကြည့်နိုင်အောင်နံရံမှာတီဗီအပြားလေး၀ယ်ပြီး

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Where stories live. Discover now