ကိုကြီးရင်ရိပ်တရေးအိပ် {6} unicode

3.2K 121 0
                                    

ကိုကြီးရင်ရိပ်တရေးအိပ် ၆😴
အပိုင်း ~ ၆

#ကိုကြီးရဲ့အတိတ်ကအိပ်မက်ဆိုးကိုအနမ်း၏ဖြူစင်သောချစ်ခြင်းတရားတို့့ဖြင့်ချေဖျက်အံ့။ 💟

ဒီနေ့တော့အရှည်နဲ့ပုလဲလုံးတို့မပါပဲအနမ်းတစ်ကိုယ်တော်လွင့်လာခြင်းဖြစ်သည်။
" ဒီအိမ်လားမသိ..."
ငါးကြေးခွံလိုအုတ်တံတိုင်းအဖြူရောင်နဲ့ပေ၃၀သာ
သာရှိသောခြံလေး..
ပြခန်းကနေမရမကမေးမြန်းလာတဲ့ကိုကြီးရဲ့လိပ်စာ
ကဒီအိမ်ဖြစ်သည်။

လူခေါ်ဘဲလ်ကိုနှိပ်လိုက်တော့..အိမ်ထဲကနေစပန့်
သားအကျီနဲ့ပုဆိုးကိုထဘီလို၀တ်ထားသောအတာ
ကထွက်လာပြီးတံခါးဖွင့်ပါသည်။
" ဘယ်သူလဲမသိ...."
" တာတာကြီး...."
" ဟယ် အနမ်း..အနမ်းလေး မှတ်လား..."

အနမ်းသည်ငယ်ငယ်တုန်းကလိုအတာ့ကိုပြေးဖက်
ပါသည်။ အတာကလည်းအနမ်းကိုကြည့်ကာ..
" အမလေး ကြည့်စမ်းပါအုံး..မတွေ့တာကြာလို့
ငါတို့အနမ်းလေးတောင်အပျိုကြီးဖြစ်လာပြီပေါ့..."

" လာလာ အိမ်ထဲ၀င်ရအောင်..."
အိမ်လေးကပေ၂၀စာပဲဆောက်ထားတဲ့အုတ်ခံအိမ်
့ဖြစ်သည်။ အထဲမှာတော့အတာ့လက်စွမ်းကြောင့်
လားမသိရှင်းလင်းသပ်ရပ်နေပါသည်။
အတာကအနမ်းအတွက်ကော်ဖီဖျော်ပြီးဧည့်ခံသည်
" ဒီလောက်နီးနီးလေးမှာရှိနေတာကို အနမ်းမှာ
ဆယ်နှစ်တောင်လိုက်ရှာခဲ့ရတယ်...
အတာနဲ့ကိုကြီး မကောင်းဘူးသိလား..." 🙁
" အဲ့လိုမဟုတ်ပါဘူး အနမ်းလေးရဲ့..
တို့တူရီးလည်းအနမ်းလေးကိုသတိရနေပါတယ်"

" ဟွန့် ကိုကြီးလားအနမ်းကိုသတိရမှာ..တွေ့တာ
တောင်လူကိုနှင်ထုတ်သေးတာ "
" ဟင် ဒါဆို ညည်းလေးတို့ကတွေ့ကြပြီးပြီပေါ့."

" အနမ်း ကိုကြီးသင်တန်းမှာပန်းချီသင်တန်းမှာ
တတ်နေတာလေ၊အတာ့ကိုပြန်မပြောဘူးမှတ်လား
ကြည့်ပါလား ကိုကြီးဘယ်လောက်စိတ်ပုတ်သလဲ"

" အဓိကိုတော့ပြောမနေနဲ့ တနေကုန်အိမ်ကပ်တာ
လည်းမဟုတ်ဘူး.. ပြန်လာရင်လည်း စကားလေး
ဘာလေးတောင်ပြောဖော်ရတာမဟုတ်ဘူး..
ကျုပ်မှာပျင်းလို့သေတော့မယ်..."

" အခုကစပြီးအတာမပျင်းရတော့ဘူးလို့မှတ်လိုက်"
👍
အတာနဲ့အနမ်းသည်ရှေးဟောင်းနှောင်းဖြစ်များကို
အလုအယက်ပြောကာ..မအားနိုင်အောင်ရှိနေကြ
သည်။ လက်ဖက်ကလေးထသုပ်လိုက်၊ကိုကြီးအ
ကြောင်းမာ့မီ့အကြောင်းအတင်းလေးအုပ်လိုက်နဲ့..
အချိန်ကုန်လို့ကုန်သွားမှန်းပင်မသိခဲ့ရပါ။

ကိုကြီးရင်ရိပ် တရေးအိပ် {Complete}OC (Uni&zawgi)Where stories live. Discover now