ချင်ဝေ့ဟော်က ဂျာကင်ကို ယူလိုက်ပြီးဝတ်လိုက်သည်။ ဝတ်ပြီးသည့်အချိန်မှာတော့ သူက ကော်လာကို မြှောက်လိုက်ကာစာရေးခုံပေါ်တွင် ပြန်မှီလိုက်ရင်း လက်တွေကို ဂျာကင်အိတ်တွေထဲမှာ ထည့်ထားလိုက်သည်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက မှီထားသလို အေးဆေးနေပြီး အန်းနင်ကို မေးဆတ်,ပြလာသည်။

"အခု မင်း စာကြည့်တိုက်သွားလို့မရတော့ဘူး"

အန်းနင် ပြတင်းအပြင်ဘက်က ဆိုးဝါးနေတဲ့ရာသီဥတုကို ကြည့်လိုက်ရင်း ခေါင်းညိတ်လိုက်မိသည်။

"ဒါပေမယ့် Self-studyအတွက် စာသင်ခန်းတွေရှိပါသေးတယ် ဒါကြောင့် ငါစိတ်ပူစရာတော့မရှိဘူး"

ချင်ဝေ့ဟော်က ဘေးဘက်ကနေသူ့ကို ကြည့်နေရင်း မေးလာခဲ့သည်။

"အဲ့ဒါဆို ငါကျတော့ရော?"

အန်းနင် အခက်တွေ့သွားရသည်။

"မင်းက self-studyသွားမယ်ဆို ငါက ဘာလုပ်ရတောမှာလဲ?"

ချင်ဝေ့ဟော်က သူ့ကို မျက်လုံးထဲမှာ မပျော်မရွှင်ဖြစ်နေတဲ့ ကြောင်ကလေးလို ကြည့်လာခဲ့​၏။ သူက Oversizeအရွယ်ကြောင်နက်ကြီးလိုပင်; ဘာမှမပြောပါဘဲ မပျော်မရွှင်ဖြစ်နေတဲ့လေထုကို လွှမ်းခြုံလိုက်ပြီး အန်းနင်ကို သွားခွင့်မပြုခဲ့။

အန်းနင် အကြံရသွားသည်,"ငါ အင်္ဂလိပ်စာအုပ်လဲ ယူလာခဲ့တယ်၊ မင်းကို ငှားပေးမယ်လေ"

"..."

ချင်ဝေ့ဟော်က သူ့ကို ပြောစရာစကားမဲ့စွာ စိုက်ကြည့်နေပြီးမှ တောင့်တောင့်ကြီးပြောလာ​၏။

"ငါ မဖတ်ချင်ဘူး"

ချင်ဝေ့ဟော်ရဲ့ တော်လှန်ခြင်းက ပကတိမျက်ဝန်းတွေမှာ မြင်နေရသည်။ သူ့ရဲ့ အမူအရာကို ကြည့်နေရတာ ပုန်ကန်ချင်နေတယ်လို့ ပြောရမှာလဲ အကျိုးအကြောင်းကမသင့်ပါချေ။ နောက်ဆုံးမှာတော့ အန်းနင် သဘောပေါက်သွားရပြီး ချက်ချင်းပင် တောင်းပန်ချင်သွားသလို ခံစားလိုက်ရ​၏။

"ဒါဆိုလဲ ငါ စာမလုပ်တော့ပဲ မင်းနဲ့ အတူရှိပေးပါ့မယ်!"

ချင်ဝေ့ဟော်က တည်တည်ငြိမ်ငြိမ်ပင် ပြုံးလိုက်ပြီး အန်းနင်က နည်းနည်းလေးတော့ ထုံတယ်လို့ တွေးလိုက်မိသည်။ သူခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်,"ဒါဆို ငါနဲ့စကားပြောပေး"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now