ချင်ဝေ့ဟော်က လူတွေကို လေးလေးနက်နက်ကြိးကြည့်လာခဲ့ပြီဆို တကယ်ကို ခုခံနိုင်ဖို့ ခက်ခဲလှသည်။

သူလဲ ထို နက်မှောင်၊အေးစက်ပြီး အနည်းငယ်လဲကြွစောင်းစောင်းနိုင်နေတဲ့ ဂရုမစိုက်တတ်သည့်မျက်ဝန်းများအကြောင်းမတွေးလိုက်ပါဘဲ မနေနိုင်ခဲ့။

ဘာလို့များ သူတို့တွေက ဝဲဂယက်နဲ့ အရမ်းတူနေရတာလဲ?

အန်းနင်ရဲ့ နှလုံးသားမှာ ဒုန်းစိုင်းလာခဲ့ပြန်သည်။ ထိုင်ခုံပေါ်ကသူ့လက်က ရုတ်ခြည်းဆိုသလို ကျွံဝင်သွားကာ အာရုံမစိုက်နိုင်လိုက်တဲ့အချိန်အတွင်းတွင် လွတ်ချမိလိုက်လုနီးပါး ဖြစ်သွားရသည်။ ချင်ဝေ့ဟော်ကလဲ သူလာမ,တာကို တွေ့လိုက်ရသဖြင့် လွှတ်ပေးလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်မည်။

ထိုင်ခုံက မြေပြင်ပေါ် ပြုတ်ကျလုနီးပါးဖြစ်သွားရချိန်မှာပဲ ချင်ဝေ့ဟော်က လျင်မြန်စွာပင် ပြန်ထောင်ပေးလိုက်သည်။

တအုန်းအုန်းမြည်သံနဲ့ဆင်သော တစ်စုံတစ်ရာက အန်းနင်နားထဲဆီသို့ ဝင်ရောက်လာခဲ့သည်။ ဒါက ပြတင်းအပြင်ဘက်ကလျှပ်စီးသံလား ဒါမှမဟုတ် သူ့ရင်ထဲက လျှပ်စီးသံတွေလားဆိုတာ သူ သိချင်မိသည်။ ခုံကိုင်ထားတဲ့ သူ့လက်ကသာကျကျနန အလုပ်လုပ်မနေဘူးဆိုတာပဲ သူ ခံစားနေရသည်။ သူ ထိုင်ခုံမ,တဲ့ လှုပ်ရှားမှုကို ပြဇာတ်သရုတ်ဖော်နေသည့်နှယ်စက်တစ်ခုလိုသာ ပြုလုပ်လိုက်​၏။ ချင်ဝေ့ဟော်ရဲ့ ပြီးပြည့်စုံတဲ့ ထိန်းချုပ်မှုအောက်တွင် ထိုင်ခုံက မြေပြင်ကို ဂလောက်ဟူသောအသံဖြင့် မြဲမြဲမြံမြံနေရာယူသွားပြီပဲဖြစ်သည်။

ချင်ဝေ့ဟော် သူ့ရဲ့ မူမမှန်မှုတွေကို သတိပြုမိသွားမလား?

ဘာကြောင့်လဲဆိုတော့ ထိုင်ခုံရဲ့အလေးချိန်ကတော့ သူတစ်ယောက်ကသာ ထောက်ပံ့ထားလိုက်တာဖြစ်၍ သူသေချာပေါက် ခံစားလိုက်ရမှာပဲ....

အန်းနင် ကို့ရို့ကားယားဖြစ်သလို ခံစားလာရသည်။ အခုမူ စာသင်ခန်းသန့်ရှင်းပြီးသွား၍ ရွေးစရာမရှိပဲ ပြောလိုက်ရတော့သည်။

"မိုးက ဘယ်ချိန်မှတိတ်မှာလဲဆိုတာ ဘယ်သူကသိမှာလဲ? "

ချင်ဝေ့ဟော်က ခေါင်းငုံ့လိုက်ပြီး နှာချေလိုက်​၏။ အန်းနင်လဲ ကျောပိုးအိတ်ရှိရာသို့လှည့်သွားလိုက်ပြီး စစ်ဂျာကင်ကိုယူလာပေးလိုက်သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now