အခန်း (၃)

Start from the beginning
                                    

ခင်မင်း ထရပ်လိုက်သည်။ ဘော့စ်လည်း ခါးပြန်မတ်ပြီး မခို့တရို့ ပြုံးနေတာ ခင်မင်း မြင်ဖြစ်အောင် မြင်လိုက်သည်။

"ဒါဆို ရုံးဆင်းပြီးရင် ကျွန်မ ဘယ်ကိုပြန်လာရမလဲ"

"Dinner က 6 ခွဲကစမယ်ဆိုတော့ ရုံး စောဆင်းလိုက်ပါ။ ကိုယ် လိုက်ပို့မယ်။ Dinner သွားဖို့လည်း ပြန်လာခေါ်ဖို့ လွယ်သွားတာပေါ့"

"ဟို"

"ဟိုတွေ ဒီတွေ လုပ်မနေနဲ့တော့။ အိမ်သိချင်ရင် လိုက်ပို့နေစရာတောင် မလိုဘူး သဘောပေါက်"

ခင်မင်း ဘာမှ မပြောတော့ပါ။ ရုံးဆင်းရန် ပြင်ဆင်လိုက်သည်။ ဘော့စ်နဲ့ တွဲ၍ ထွက်လာတော့ ကုမ္ပဏီကလူတွေ ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်။
ဘော့စ်နဲ့ နီးလာရင်တော့ ဘယ်သူမှ မကြည့်ရဲကြတော့။ ခေါင်းငုံ့ထားလျက် နှုတ်ဆက်ကြသည်။ဘော့စ်၏ကားက အနီရောင်တောက်တောက် ဖြစ်သည်။ ကားပေါ် ရောက်တော့ ခင်မင်းကို ဘော့စ် ခါးပတ်ပတ်ပေးသည်။ ကိုယ့်ဘာသာပတ်မလို့လုပ်တုန်းမို့ ခင်မင်း ကြောင်သွားသည်။

ကားထဲတွင် coldplay ရဲ့ ocean သီချင်းသံ တိုးညင်းညင်း လျှံထွက်လာသည်။ ခင်မင်းကြိုက်သည့် တစ်ပုဒ်ပေပဲ။ တိုက်ဆိုင်နေသဖြင့် သီချင်းသံလေးထဲ ခင်မင်း စိတ်ရောက်နေသည်။

အိမ်ရှေ့ကို ရောက်သည်နှင့် ခင်မင်းကားပေါ်မှ ဆင်းလိုက်သည်။ ခင်မင်း ဆင်းလိုက်သည်နှင့် ဘော့စ်ကားလည်း ပြန်ထွက်သွားသည်။ အိမ်ပေါ်တက်ပါဦး ဟု ခင်မင်း မခေါ်ဖြစ်လိုက်ပါ။ ရိုင်းရာများ ကျသွားသလား ဟု ခင်မင်း တွေးမိပြန်သည်။

......................

"ရုံးပြန်ချိန် စောလှချည်လား သမီး"

"ဟုတ် ဒေါ်လေး ၊ဒီည ဒင်နာရှိလို့ ဘော့စ် ပြန်လာခေါ်လိမ့်မယ်"

"စိတ်ချရပါ့မလားသမီး၊ ညဘက်ကြီးမို့ သွားရင်လည်း ဂရုစိုက်သွားနော်"

"ဟုတ် စိတ်ချပါဒေါ်လေးရဲ့၊ သမီး ညစာ မစားသွားတော့ဘူး"

၆ နာရီခွဲပြီး ၅ မိနစ်နေမှ အိမ်ရှေ့ကို ဘော့စ်ကား ရောက်လာသည်။ ကားပေါ်မှာ ခင်မင်း တိတ်တိတ်ဆိတ်ဆိတ်လေး လိုက်ပါလာသည်။

ဖွဲ့နှောင်ရစ်သည် [ Complete ]Where stories live. Discover now