အခန်း(၃၃)

Start from the beginning
                                    

သို့သော် ကျန်းရီအပေါ်သူ့နားလည်မှုကတော့ထိုအချက်လေးတစ်ချက်ကြောင့် ကြီးကြီးမားမားပြောင်းလဲအကျိုးသက်ရောက်မှုမရှိရာထိုကဲ့သို့အခန်းမျိုးကိုလည်း သူဘယ်အရပ်၌ရှာ
ဖွေရမှန်းလုံးဝမသိချေ။ဤအချက်ကကျန်းရီ
၏ဖြစ်တည်မှုကိုပို၍တောင်ထူးဆန်းစေခဲ့သ
ည်။

ထိုအချိန်က ကျန်းရီကိုအမှန်တိုင်းမေးရန်ဆုံး
ဖြတ်ခဲ့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့်ကျန်းရီဖော်ပြခဲ့သောအမူအရာများက ဝမ်ရွှမ့်သိလိုစိတ်ကိုရှေ့ဆက်ခွင့်မပေးခဲ့ပေ။

ဤတစ်ကြိမ်တွင် တစ်ဦးချင်းသီးခြားဆောင်
ရွက်ရန် ကျန်းရီရုတ်တရက်အကြံပြုခဲ့ခြင်းကလည်း ထိုကိစ္စနှင့်ပတ်သတ်သောအကြောင်း
အရာများအားဝမ်ရွှမ့်ကိုမသိစေလိုခြင်းကြော
င့်ဖြစ်ကြောင်း ဝမ်ရွှမ်သိသိသာသာခံစားမိပေသည်။

အချိန်အတန်ကြာမှ ဝမ်ရွှမ်ခေါင်းခါလိုက်၏။
မတ်တပ်ရပ်၍ သယ်လာသောပစ္စည်းများကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီးမှဂူထဲမှထွက်လာခဲ့သည်။သိလိုစိတ်များကိုဖိနှိပ်လျ
က် အန်ဖုန်းမြို့သို့ဦးတည်ကာ သူ့ခရီးစဥ်ကိုပြန်လည်စတင်ခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ ကျန်းရီအပေါ်ပို၍နားလ
ည်လိုစိတ်သည် ဝမ်ရွှမ့်နှလုံးသားထဲတွင်အ
မြစ်တွယ်၍ပေါက်ဖွားလာခဲ့ချေပြီ။

ထိုအချိန်တွင် ကျန်းရီနှင့်ကျောက်ဖေးယွီလ
ည်းမိုးပြာတောင်ပံဂိုဏ်း၌ သူတို့၏အစီအစဥ်များကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

မိုးပြာတောင်ပံဂိုဏ်းတွင်း၌ ကျောက်ဖေးယွီသည် အခြားဂိုဏ်းသားများထံမှစိတ်ဝင်စားမှုမျိုးတကယ်ကိုမရရှိသည့်အပြင် သူနှင့်အတူစကားလက်ဆုံပြောနိုင်မည့် မိတ်ဆွေများလ
ည်းမရှိပေ။ဤသည်မှာသူ၏ရည်ရွယ်ချက်သာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျောက်ဖေးယွီ၏ကိုယ်ရေးအချက်အလက်အစစ်အမှန်ကို လူသိခံရန်မဖြစ်နိုင်ရာ ဂိုဏ်းပြင်ပရှိဆက်ဆံရေးအ
ချို့ကပြသနာမရှိသော်လည်း ဂိုဏ်းတွင်း၌မူ နှိမ့်ချစွာနေ၍ လူသိရှင်ကြားမဖြစ်ခြင်းကပိုအားသာပေသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now