ရန်ကျားလိသည် ယဲ့ထင်၏ အထင်တရှား ရှိလှသော လည်စလုပ်ကို ထိလိုက်ပြီး ကျီစယ်သရော်သည်။

"အရည်အချင်းလည်း မရှိတဲ့ ဘုရင်ကြီး!"

(TN/ Google Translate က ပြန်ချပေးလိုက်တာ အမှောင်သခင်ကြီးတဲ့🤣အမလေး ငါသွေးတက်)

ယဲ့ထင်သည်လည်း ပြုံးသွားပြီး လေပူများကို မှုတ်ထုတ်ရင်း စကားဆိုလာသည်။

"ဘယ်သူက အသုံးမကျတဲ့ ဘုရင်ကြီးရဲ့ အိပ်ဆောင်ထဲမှာ လိုက်ကပ်ရတာကို ကြိုက်တဲ့ ပေါင်ပေ့လေးကို ဖွက်ခိုင်းထားလို့လဲ"

ထိုရမ်းကားကြမ်းတမ်းပြီး ပြင်းထန်လွန်းသည့် စစ်ပွဲသည် ယမန့်ညမှ စတင်လိုက်ရာကနေ စစ်မီးအဟုန်သည် ယနေ့ည ရှစ်နာရီ ထိုးသည်အထိ တောက်လျှောက် တောက်လောင်သွားခဲ့သည်။

နှစ်ဖက်လုံးမှ စစ်သားတို့သည် မျက်လုံးများ နီရဲလာသည်အထိ မအိပ်မနား ရေကုန်ရေခမ်း အသေအကြေ တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲအခြေအနေက ဆက်လက် ဖြစ်တည်နေခဲ့ရာ အနိုင်အရှုံး ခွဲခြားဖို့ရန် ခက်ခဲနေ၏။

ရှစ်နာရီ နှိုးစက်သံ မြည်လာမှသာ အရာအားလုံးမှာ လက်နက်ချ အရှုံးပေးရင်း အဆုံးသတ်သွားခဲ့တော့သည်။

ယဲ့ထင်သည် ရန်ကျားလိအား ရင်ခွင်ထဲ ပွေ့ဖက်ထားပြီး သူ၏ ဦးခေါင်းအား မိမိ၏ အင်္ကျီမပါသော ရင်ခွင်ထက် မှီဝဲခွင့်ပေးထားသည်။

သူသည် ခေါင်းငုံ့ပြီး ရန်ကျားလိ၏ နဖူးထက် အနမ်းခြွေလိုက်ကာ တိုးလျစွာ ပြုံးလိုက်ပြီး ပြောသည်။

".....အချိန်ကျပြီ၊ ပေါင်ပေါင်း၊ မတ်တတ် ရပ်နိုင်သေးရဲ့လား"

ရန်ကျားလိက စကားမဆိုဘဲ နို့မပြတ်သေးသည့် သိုးကလေးနှယ် ယဲ့ထင်ရင်ခွင်ထဲ ခိုဝင်နေပြီး ခေါင်းကို မြှုပ်ထားကာ အတန်ကြာမှ ရှတတနှင့် စကားဆိုသည်။

"ခဏ နားချင်သေးတယ်။ မင်းငါ့ကို ကူပြီး အိတ်ပြင်ပေး"

ရန်ကျားလိ ဆံပင်များကို ထိကိုင် ပွတ်သပ်နေသည့် ယဲ့ထင်၏ အပြုအမူက ရပ်တန့်သွားပြီး လေသံဖျော့ဖျော့နှင့်

"ဟုတ်ပြီ"

ယဲ့ထင်သည် ကုတင်ပေါ်မှ ဆင်းလာပြီး ရန်ကျားလိ၏ ခရီးဆောင်အိတ်လေးကို ဆွဲထုတ်လိုက်ကာ တိတ်ဆိတ် ငြိမ်သက်စွာနှင့် တစ်ထည်ပြီး တစ်ထည် ထည့်တော့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)On viuen les histories. Descobreix ara