စာစဉ် ၆၈ (၉-၁၆)
Start from the beginning
ရီဝမ်ဝမ် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည် ။
အကြီးဆုံးသခင်လေး ရှန်း သည် လျို့ဝှက်နက်နဲစွာဖြင့် ပြုံးကာ ဆက်ဖြည့်သည် ။
“အချိန်တိုလေးအတွင်းမှာ အများကြီး ရဖို့က မဖြစ်နိုင်ဘူး ဆိုပေမယ့်လည်း တစ်နည်းတော့ ရှိတယ်”
ရီဝမ်ဝမ် ချက်ချင်း ထမေးမိ၏ ။
“ဘာနည်းလမ်းလဲ”
“နတ်မိမယ်လေး ကိုယ့်မှာ ဒီနည်းလမ်းကို မစဉ်းစားမိခင်
ညပေါင်းများစွာ အိပ်ရေးပျက်အစားပျက်ခံပြီးတော့ကို သေသေချာချာလေး တွေးထားရတာ ။ သာမန်လူတွေသာဆို
ဘယ် ကိုယ့်လောက် ဥာဏ်ကောင်းကြမှာ မဟုတ်ဘူး”
အကြီးဆုံးသခင်လေး ရှန်း က ပြုံးလိုက်ကာ …
“မစ်ရှင်တွေ လုပ်ရတာက အချိန်အားရော အင်အားရော ကုန်ပြီးတော့ ခက်ခဲတယ် ဆိုပေမယ့် … ပြသနာတော့ မဟုတ်ပါဘူး ။
ပိုက်ဆံသာ ရှိရင် အားလုံးက လွယ်လွယ်လေး ဖြေရှင်းလို့ ရတယ် ။ ငါတို့ကိုယ်တိုင်က ကြေးစားသမားတွေ ဖြစ်နေတယ် ဆိုပေမယ့်လည်း ငါတို့ရဲ့ ပိုက်ဆံတွေကို သုံးပြီးတော့ တခြားကြေးစားတွေ ငှားလို့ ရတာပဲလေ ။ ငါတို့က မစ်ရှင်တွေကို လက်ခံလိုက်မယ် ၊ ပြီးတာနဲ့ အဲ့မစ်ရှင်တွေကို ဆောင်ရွက်ပေးမယ့် ထိပ်တန်းအဆင့် ကြေးစားတွေကို ရှာပြီး ငါတို့အစား သွားလုပ်ပေးဖို့ အပ်ပေးလိုက်ရုံပဲ … ရိုးရိုးလေး ..”
ရီဝမ်ဝမ် ထိတ်လန့်သွား၏ ။
ဒီလို ကလိန်ကကျစ်ကျတာလည်း ရတာပဲလား ။
ကြေးစားတစ်ယောက်က တခြားသော ကြေးစားများကို ငှားပြီး သူတို့ကိုယ်စား မစ်ရှင်ထွက်စေခြင်း .. ။
သေသေချာချာ စဉ်းစားကြည့်ပြီးနောက်တွင်
ထိုနည်းသည်ကား အင်မတန်ပင် လွယ်ကူရိုးစင်းကာ
အဆင်ပြေသည့် နည်း ဖြစ်လေသည် ။
သို့သော် ထိပ်တန်းကြေးစားတစ်ယောက်ကို ငှားရမ်းဖို့က ငွေကုန်ကြေးကျ အလွန်အကျူး မြင့်မားလွန်း ပေလိမ့်မည် ။ ထို့ပြင် မစ်ရှင်တစ်ခုတစ်ခုကလည်း အချိန်တိုလေးအတွင်း ဆောင်ရွက်နိုင်ဖို့က မဖြစ်နိုင်ပါချေ ။