စာစဉ် ၆၇ (၁၇-၂၆)
Start from the beginning
စည်းကမ်းထိန်းသိမ်းရေးမှူး အကြီးအကဲမှာ နှုတ်ခမ်းတို့
တွန့် ချိတ်သွားပြီး ရီဝမ်ဝမ်ကို ကြည့်နေသည် ။
အကြီးအကဲ ခုံး ၏ တပည့်ကတော့ တကယ်ကို အာဝဇ္ဇန်း ရွှင်ပြီး
သူ့ ကို ဆွံ့ အအောင် လုပ်နိုင်ပေသည် ။
“ဘာပဲပြောပြော မင်း မန်ထင်းကို သတ်ခဲ့တာက အမှန်တရားပဲ”
စည်းကမ်းထိန်းသိမ်းရေးမှူး အကြီးအကဲက မျက်မှောင်ကြီး ကြုတ်ကာ ပြောလိုက်သည် ။
ရီဝမ်ဝမ် ခပ်ရေးရေးလေး ပြုံးလိုက်၏ ။
“ကျွန်မ မန်ထင်းကို သတ်ခဲ့တဲ့ လက်နက်က ဘယ်သူပိုင်တာလဲဆိုတာကို အကြီးအကဲ ကို မေးပါရစေ ။
အဲ့ဒီ ဓားတိုက အစကတည်းက မန်ထင်း ယူလာတာ
မဟုတ်ဘူးလား ။ သူ အသုံးမကျလို့ ကျွန်မ သူ့ ဓားကို ခိုးလိုက်နိုင်ပြီး ပြန်ခုခံလိုက်တာလေ .. ကျွန်မလည်း ဒီလိုလုပ်နိုင်လိမ့်မယ်လို့ ထင်မိပါ့မလား ။ တကယ်တမ်း ပြောရမယ် ဆိုရင် မန်ထင်းက အကြီးအကဲ လျောင်ဟယ် ရဲ့ ချစ်မြတ်နိုးရတဲ့ တပည့်ဆိုတော့
အကြီးအကဲ လျောင်ဟယ်ရဲ့ တပည့်က ဒီလောက်ထိ ပျော့ဖတ်နေလိမ့်မယ်လို့ ကျွန်မ ဘယ်လိုလုပ် ထင်မိမှာလဲ ။ နှစ်ယောက်တစ်ယောက် ပြိုင်တာတောင်မှ သူတို့ဟာသူတို့ အနိုင်မတိုက်နိုင်တာကို ဘာလို ကျွန်မကို လာအပြစ်တင်နေ ရတာလဲ”
အကြီးအကဲ လျောင်ဟယ်၏ မျက်နှာမှာ မင်ရောင်လိုပင် မည်းပုတ်သွားလေပြီး မျက်လုံးတို့မှာ အလွန်အကျူး
အေးစက်သည့် အရောင်အ၀ါတို့ ဖြာထွက်လာလေပြီ ။
ထိုစဉ် အကြီးအကဲ ခုံး သည်ကတော့ မထိတထိလေး လှောင်ရိပ်သမ်းကာ ပြုံးနေလေ၏ ။
သူသည် ရီဝမ်ဝမ်၏ စကားလုံးများကို အမှန်ပင် သဘောကျ မိပါ၏ ။
“လျောင်ဟယ် … မင်းက မင်းတပည့်တွေကို ကောင်းကောင်းမသင်ပေးထားပါလား ။ S အဆင့် ကြေးစားကြီးနှစ်ယောက် ပေါင်းပြီးတော့ ငါ့တပည့် ရီဝမ်ဝမ် နဲ့ နှစ်ယောက်တစ်ယောက် ယှဉ်ချတာတောင် တစ်ယောက်က အသတ်ခံရတယ် ၊ နောက်တစ်ယောက်ကလည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားတယ် ။ ဟုတ်သားပဲ .. ငါ့တပည့်က ဘယ်လိုလုပ်ပြီး မှားတဲ့သူ ဖြစ်သွားရတာလဲ”
အကြီးအကဲ ခုံး သည် လျောင်ဟယ်ကို ကြည့်နေ၏ ။