စာစဉ် ၆၇ (၉-၁၆)
Start from the beginning
ရီဝမ်ဝမ်သည် သူ့ လက်ကို ကိုင်လို့ အားရသွားသဖြင့် မျက်နှာထက် အပြုံးလေးတစ်ပွင့် ပွင့်လန်းလာတော့သည် ။ သူမ ပြန်ဖြေလာသည် ။
"ဖတ်ကြည့်ရသလောက် အချောလေးရဲ့ဘ၀မှာ ကိုယ့်ကို လိုနေတယ်"
"ဖွီး .. ဟမ်း ဟမ်း အဟမ်း အဟမ်း"
လူတိုင်း ချောင်းဆိုးသွားကြသည် ။
လီရှင်းသည်လည်း အဆုတ်ကွဲမတတ် ချောင်းဆိုးမိသွား၏ ။
"သေစမ်း .. အတန်းဖော် ရီ က သိုင်းတော်ရုံတင်မကဘဲ သောက်ရမ်းကိုပါ သတ္တိကောင်းတာဟ"
လိဟန်ဖန့် သည်လည်း ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏ ။ သူ၏ ဂျူနီယာညီမလေး သည် မူးလာရင် ထိုမျှထိ ကြောက်လန့်ဖွယ် ကောင်းလိမ့်မည် ဟု သူ မထင်ထားမိခဲ့ဖူးပေ ။ ကြည့်နေရင်း သူ့ ရင်ထဲမှာ စိုးရိမ်စိတ်လေး ကိန်းအောင်းလာရလေပြီ ။
သူ ဘာလုပ်ရမလဲ ။
ဒါကြီးက အရမ်းရုပ်ဆိုးလွန်းတယ် .. ။
ရန်စစရာ လူရှားလို့ အရှင်နတ်ဆိုးကိုမှ သွားရန်စရတယ်လို့ ။
အကြီးအကဲ ခုံး သည်ပင် နောက်ဆုံးတော့ ဆက်ငြိမ်မနေ နိုင်တော့လေပြီ ။ သူ၏တပည့်သည် ပြသနာကြီးကြီး ရှာနေလေပြီမို့
သူ အမြန် ထရပ်ကာ တောင်းပန်စကား ဆိုလိုက်ရတော့၏ ။
မည်သို့ပင်ဆိုစေကာမူ အရှင်နတ်ဆိုးသည်
အကြီးအကဲ တစ်ယောက်က ဖိတ်ခေါ်ထားသည့် ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ယောက် ဖြစ်သည် မဟုတ်ပါလား ။
"ဒီကလေးက မူးနေလို့ မဆင်မခြင် ဖြစ်နေတာကို ခွင့်လွှတ်ပေးပါ အရှင်နတ်ဆိုး"
……………………………………………………………...................
စာစဉ် ၆၇၊ အခန်း ၁၀။ ကိုယ်ရော …
ပြသနာသည် ကြီးကြီးသေးသေး အရှင်နတ်ဆိုးသည်
သူ့ ကို မျက်နှာသာပေးတာနဲ့ အဆင်ပြေသွားပေလိမ့်မည် ။
အကြီးအကဲ ခုံး က သူ့ တပည်လေးကိုယ်စား ကာကွယ်ပေး ကာ ပြောဆိုနေစဉ် ရီဝမ်ဝမ်က ထပြောလာသည် ။
"ဘာကို မဆင်မခြင် ဖြစ်တာလဲ ။ တပည့်က တကယ်ပြော
နေတာ .. အချောလေးကို ကြည့်ရတာ အရမ်းရင်းနှီးနေတယ် ။ ပြီးတော့လည်း သူ့ ဘ၀မှာ တကယ် လိုအပ်နေတာ"