စာစဉ် ၆၇ (၉-၁၆)
Start from the beginning
အခုလို မြင်ကွင်းကြီးကို မြင်လိုက်ကြရသည်တွင်
အားလုံး ကြက်သေသေမတတ် ဖြစ်ကုန်ကြသည် ။
သောက်ကျိုးနည်း ..
ဘာတွေ ဖြစ်ကုန်တာလဲ ။
ဟို ဟို ရုပ်ဆိုးမက အရှင်နတ်ဆိုးကို သွားအီနေတာလား ။
ဒီ ဒီလိုကြီး ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိဘူး ။
အဲ့တစ်ယောက်က ရဲတင်းရုံကို မကတော့ဘူးဟ ။
သူ သေချင်နေတာ .. ဟုတ်တယ် သေချင်နေတာပဲ ။
"ချီးပဲ .. ဟိုရုပ်ဆိုးမကြီး ဘာလုပ်နေတာလဲ"
"သူတော့ သေပြီ ၊ သေပြီ ။ သူ .. သူ က အရှင်နတ်ဆိုး ကို သွားပြီးတော့ အချောလေးလို့ ခေါ်နေတယ် .. အဲ့အရှင်က ချောတာတော့ တကယ်ဆိုပေမယ့်လဲ .."
"မင်း ပါစပ်ပိတ်ထားစမ်း ။ ရီဝမ်ဝမ်က မူးလို့ မဆင်မခြင်တွေ လုပ်နေတာ .. မင်းကပါ လိုက်သေချင်နေတာလား"
ထိုရင်ထိတ်စရာ မြင်ကွင်းကို အသံတိတ် ကြည့်ကုန်မိကြရင်း
အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြ၏ ။
ထိုအချောလေးဆီကနေ ဘာမှ ပြန်တုံ့ ပြန်မလာတာကြောင့်
ရီဝမ်ဝမ်၏ လက်လေးသည် သူ၏လက်ကြီးကြီးကို မရိုမသေ မတော်မကန် ဖမ်းဆုပ်ပစ်လိုက်လေပြီ ။
"စစစစစ်စ်စ် !!!"
လူတိုင်း လန့်ကာ သက်ပြင်းချကုန်ကြ၏ ။
အရှင်နတ်ဆိုးသည် မျက်လုံးတို့ ကျဉ်းမြောင်းလာပြီး သူမလေးကိုင်ထားသည့် သူ့ လက်ကို စိုက်ကြည့်လာ
သော်လည်း ဒေါသထွက်လေဟန် ၊
လက်ကို ပြန်ဆွဲထုတ်မည့်ဟန် တစိုးတစိ ရှိမနေဘဲ
မျက်နှာမှာလည်း ထူးမခြားနားသာ ရှိနေလေသည် ။
ကြည့်နေကြသူများမှာ အလန့်ကြီးလန့်နေမိကြ၏ ။
ဒါက မုန်တိုင်းမလာခင် ငြိမ်သက်နေတာဟ .. ။
အားလုံး၏ ထိတ်လန့်ပျာယာနေသည့် အကြည့်တို့ အောက်တွင် အရှင်နတ်ဆိုး၏ အသံတိုးတိုးက လွင့်ပျံ့လာသည် ။
"ဟုတ်လား … ဒါဆို ဘာမြင်ရလဲ"
သူတို့နားတွင်မူ ဂျိရှို့ ရန်သည် မျက်လွှာချထားပြီး လက်ဖက်ရည်ခွက်အဖုံးနှင့် လက်ဖက်ရည်ရွက်တို့ကို မွှေနေသည် ။