"မင်းက ငါ့ကို ဘာလုပ်စေချင်နေတာလဲ?"

"ဟင်?"

အပြင်ဘက်ကလေမှာ ပြင်းထန်လာခဲ့ပြီး မှန်ပြတင်းပေါက်တွေကိုပါ ရိုက်ခတ်လာခဲ့သည်။ ပြတင်းတစ်ခုရဲ့ တံခါးချက်ကမပိတ်နေသဖြင့် ဘန်းဟူသောအသံနဲ့ ပွင့်ကျလာခဲ့သည်။ ချင်ဝေ့ဟော်က သူ့ကို ဖြတ်သွားကာ တ ပြတင်းဆီသို့ လျှောက်သွားခဲ့​၏။ သူက ပြတင်းကို နောက်ထပ် ဘန်းကနဲ့အသံမြည်လာအောင် ဆွဲပစ်လိုက်သည်။ သို့တိုင် ထိုတစ်ခဏတွင် သဲကသူ့မျက်လုံးဆီသို့ လွှင့်စင်လာခဲ့လေသည်။

သူ ပြတင်းပေါက်ဘောင်ကို ကိုင်လိုက်ရင်း သူ့ခေါင်းကိုငုံ့ချလိုက်သည်။

အန်းနင်လဲ အလျင်အမြန်ပင် ရှေ့ကို လျှောက်သွားလိုက်သည်,"မင်း အဆင်ပြေရဲ့လား"

ချင်ဝေ့ဟော်ရဲ့ ခေါင်းကငုံ့ထားဆဲပင်ဖြစ်ပြီး သူ့မျက်လုံးတွေကလဲ ပိတ်လျက်၊ မျက်တောင်တွေကလဲ တင်းကျပ်စွာလိမ်ယှက်နေကြသည်။ သို့တိုင် သူ့အသံကတော့ တည်ငြိမ်နေဆဲပင်။

"သဲဝင်သွားတယ်."

အန်းနင် : "ငါမှုတ်ပေးမယ်!"

ချင်ဝေ့ဟော်က မျက်လုံးကို ခက်ခက်ခဲခဲဖွင့်လိုက်ပြီး သူ့ကိုစိတ်ပူနေတဲ့ ကောင်လေးဆီကို လည်ပင်းနှိမ့်ပေးလိုက်သည်။အန်းနင်က ခြေဖျားထောက်လိုက်ပြီး ရှေ့ကိုကိုင်းကြည့်လိုက်ရာ ချင်ဝေ့ဟော်ရဲ့ မျက်ဝန်းတွေက အရည်ကြည်တစ်ထပ်နဲ့ဖုံးနေပြီး မျက်တောင်တို့ကလဲ စိုစွတ်နေတာကို မြင်လိုက်ရသည်။

ဒါက ငိုတာမဟုတ်ပဲ မျက်ရည်ပဲကျနေတာမှန်း သူသိနေသော်လည်း သူ့ရင်ခုန်သံများမှာ အနည်းငယ် မတည်ငြိမ်နိုင်ခဲ့။ချင်ဝေ့ဟော် ငိုနေတာကို မြင်နေရတယ်လို့ ခံစားရနေရတာနဲ့ တူလှပေသည်။

သူ ထပ်ပြီး မကြည့်ရဲတော့ပါဘဲ ခေါင်းကို မော့လိုက်ကာ ချင်ဝေ့ဟော်ရဲ့ ဘယ်ဘက်မျက်လုံးကို ခပ်ဖွဖွ မှုတ်ပေးလိုက်ရင်းမေးလိုက်သည်။

"အခု အဆင်ပြေသွားပြီလား?"

ချင်ဝေ့ဟော်က သူ့ကိုကြည့်လာပြီးပြောလာသည်,

"ညာဘက်မှာ"

အန်းနင်မှာ ရှက်ရွံ့သွားများနဲ့ နီစွေးသွားရသည်။ ညာဘက်မျက်လုံးက နီရဲနေတယ်ဆိုတာ ထင်ရှားလှသည့်တိုင် ချင်ဝေ့ဟော်ရဲ့ ဘယ်ဘက်မျက်လုံးက အလင်းရောင်ကြောင့် တောက်ပနေခဲ့သည်၊ ထို့ကြောင့် အန်းနင်လဲ မသိလိုက်ပါဘဲ ဘယ်ဘက်ကို မှုတ်ပေးလိုက်တာဖြစ်သည်​။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now