ချင်ဝေ့ဟော်က စာသင်ခန်း တံခါးမှာ ရပ်နေပြီး စစ်စိမ်းရောင် ဂျာကင်အကြီးကြီးကို ဝတ်ထားလေသည်။ ထို့အပြင် သူကခေါင်းအစ,ခြေအဆုံး အနက်ဝတ်ထားတာဖြစ်သည် ; တီရှပ်အနက်၊ ဘောင်းဘီအနက်၊ sneakerအနက်တို့နဲ့ သူ့ကိုမျက်မှောင်ကြီးကြုတ်ကြည့်နေခဲ့လျှင် သူ့အမူအရာမှာ မပျော်မရွှင်ဖြစ်နေတဲ့ ကြောင်ကြီးနဲ့ ဆင်တူနေခဲ့သည်။

သူက အထင်ကြီးလောက်တဲ့ စစ်ပွဲ ဝတ်စုံဖုံးအုပ်ထားသည့် ခန္ဓာကိုယ်အကြီးကြီးနဲ့ ဆွဲဆောင်မှု လယ်ဗယ် မြင့်သောသစ်နက် တစ်ကောင်လိုလဲ ဖြစ်နေသည်။

အန်းနင် မမျှော်လင့်ထားခဲ့၍ အံ့အားသင့်သွားခဲ့သည်။

"အာ, ငါ စာသင်ခန်း သန့်ရှင်းနေတာ."

ချင်ဝေ့ဟော်က သူ့ရဲ့ အလုပ်လုပ်-စာသင်တဲ့အကြောင်းကို သိနေခဲ့ပြီး သိနေလျက်နဲ့တောင် သူ့ကို ဘာကြောင့် မေးလာခဲ့မှန်း အန်းနင်လဲ မသိတော့ပါချေ။

ချင်ဝေ့ဟော်က သူတို့နောက်မှာရှိနေတဲ့ စာသင်ခန်းကို တစ်ချက်ကြည့်လို့လာပြီး ပြောလာ​၏။

"အကုန်လုံး ထွက်သွားကြပြီ."

တခြား အလုပ်လုပ်-စာသင်လုပ်တဲ့ အတန်းဖော်နှစ်ယောက်ကလဲ ထွက်သွားခဲ့ပြီဆိုတာကို အန်းနင် သဘောပေါက်လိုက်သည်။ သူ အကုန် မသန့်ရှင်းရသေးသည့် စာသင်ခန်းကို ပြန်လှည့်ကြည့်လိုက်မိသည်။

"ငါက နည်းနည်းတော့...နှေးတယ်..."

ချင်ဝေ့ဟော်ရဲ့ နဖူးကြောတွေတွန့်သွား​၏။ ရုတ်တရက် သူက ဝင်လာခဲ့ပြီး တံခါးဘေးက နံရံကို လက်နဲ့ပုတ်လိုက်သေးသည်။ မူလက စာသင်ခန်းမှာ မီးတွေ တစ်ဝက်လောက်ဖွင့်ထားခဲ့ပြီး စာသင်ခန်းတစ်ခုလုံး လင်းထိန်လျက်ရှိနေသည်။ ချင်ဝေ့ဟော် ဝင်လာတဲ့ အချိန်မှာ သူက စစ်စိမ်းရောင် ဂျာကင်ကို ချွတ်လိုက်ပြီး အနက်ရောင်လက်ရှည်တစ်ထည်ကိုသာဝတ်ဆင်ထားလေသည်။

ထို့အပြင် သူ့ကို မကြည့်ပါပဲ မေးလာခဲ့​၏။

"မင်းရဲ့ ကျောပိုးအိတ်ရော?"

အန်းနင်က ကြောင်အအ,အမူအရာလေးနဲ့ ကျောပိုးအိတ်ရှိရာကို လက်ညှိုးထိုးပြလိုက်သည်။ ချင်ဝေ့ဟော်က လျှောက်သွားပြိးကျောပိုးအိတ်ကို ဖွင့်ကာ ဂျာကင်ကို ထိုးထည့်ပစ်လိုက်​၏။ ထို့နောက်မှာတော့ သူက ကျောပိုးအိတ်လက်တန်းကိုမ,လိုက်ပြီး သူ့ရဲ့လက်ဖျံပေါ်ကို တွန်းတင်လိုက်ရင်း ပြောလာသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now