ရှိရှိသမျှ လူတို့သည် ရုတ်ချည်းကြမ်းတမ်းကြကုန်သည်..။ သို့မဟုတ် တစ်ချို့သူများက ရုတ်ချည်းအားနည်းကာ လဲသေကြကုန်၏..။ တစ်ချို့ကတော့ မကူးစက်ကုန်ကြသေး..။
အရာအားလုံးနှင့် ပတ်ဝန်းကျင်တစ်ခွင်လုံး အုတ်သော်အောင်းနင်းဖြစ်နေကုန်ကြသည်မှာ လူသားမျိုးနွယ်ရဲ့ ကျဆုံးခန်းပင် ဖြစ်လောက်တော့သည်..။
ဤနှုန်းအတိုင်းသာ အချင်းချင်း သတ်ဖြတ်နေကြပါက ရက်သတ္တပတ်နှစ်ခုမှ သုံးခုအတွင်း ကမ္ဘာပေါ်တွင် ရှိရှိသမျှ လူများအားလုံး မျိုးသုဉ်းသွားနိုင်ခြေပင် ဖြစ်တော့၏..။
"ဒုန်း..!!!"
အလုံပိတ်ကားခေါင်မိုးပေါ်မှ နောက်တစ်ကြိမ်ထွက်လာပြန်သော ထုရိုက်သံနှင့် ချိုင့်ဝင်လာသော ကားခေါင်မိုးကိုကြည့်ရင်း ဧကသည်ပင် သည်းခြေပျက် တုန်လှုပ်စပြုလာလေပြီ..။
"အားးး..!!!"
"ကျွန်မကို..ကယ်..ပါ..ဦး.."
ကားမှန်ဘေးတွင် ဘတ်ခနဲ လာကပ်သော လက်ဖဝါးတစ်ဖက်ကို အလန့်တကြား လှည့်ကြည့်လိုက်မိချိန် ဧကမာန်ဦးမှာ အသက်ကိုရှိုက်ပြီးရှူနေရတာ တက်တော့မတတ်ချက်တော့မတတ်တောင် ဖြစ်နေချေပြီ..။
"ခင်ဗျား...အဆင်ပြေရဲ့လား.."
ဧကသည် လက်ထဲတွင် အေးစက်ပျော့ခွေနေပြီဖြစ်သော သားဖြစ်သူကို တင်းတင်းပွေ့လိုက်ရင်း ကားတံခါးမှ လော့ခ်ဆီသို့ လက်လှမ်းလိုက်မိသည်..။
သို့သော်..။ သူပင် အပြင်သို့ မရောက်လိုက်သေးခင်မှာပဲ တစ်ဦးတစ်ယောက်သည် ထိုအမျိုးသမီး၏ ဦးခေါင်းခွံအား လက်ချည်းဗလာဖြင့် ထိုးခွဲပစ်လိုက်ပါ၏..။
"..."
ဧကမာန်ဦးသည် တုန်လှုပ်ချောက်ခြားကာနေသည်မှာ အသံပင်မထွက်ဝံ့..။ နှုတ်ခမ်းပေါ် ဖိအုပ်ထားသည့် လက်ဖဝါးတို့သည် သွေးချင်းချင်းနီနေ၏..။ သူ့ရင်ဘတ်အစုံသည်လည်း နိမ့်တုံမြင့်တုံ ရိုက်ခတ်လို့နေသည်..။
ကားပြတင်းမှန်ပေါ်တွင် ထိုအမျိုးသမီး၏ ဉီးဏှောက်အစိတ်အပိုင်းအစများနှင့်သွေးများက လွင့်စင်ကာ တင်ကျန်နေခဲ့သည်...။ သူသည် ထိုအရာများကို ရှင်းရှင်းလင်းလင်း နီးနီးကပ်ကပ် မြင်နေခဲ့ရ၏..။ ပြတင်းမှန်သာ ပိတ်မထားခဲ့မိပါက သူ့မျက်နှာသို့ တိုက်ရိုက်လာစင်နိုင်သည့် ဖြစ်နိုင်ခြေကြောင့် ပိုလို့တောင် ခြောက်ခြားသွားရသည်..။
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၁
Comincia dall'inizio