ဘယ်အရာဖြစ်ဖြစ်အဆင်ပြေတယ်။ သူအခုလုပ်နေတာထက်တော့ ပိုကောင်း​၏။

ချင်ဝေ့ဟော် ပထမဆုံး ကျောက်တောင်တက်တုန်းက ဒီလို ပြဿနာတွေနဲ့ရင်ဆိုင်ရဖူးသလားဆိုတာကို အန်းနင် သိချင်လာမိသည်​။ သို့သော် ချင်ဝေ့ဟော်ကတော့ ဒီလို အကျပ်အတည်းမျိုးနဲ့ ရင်ဆိုင်ရဖို့ မဖြစ်နိုင်ဘူးဆိုတာ သူသဘောပေါက်လိုက်သည်။

သူက ကျိန်းသေပေါက်ကို တုံ့ဆိုင်းနေတတ်တဲ့ ပုံစံမျိူးမဟုတ်ပါချေ။

"အန်းနင်!,"

ချင်ဝေ့ဟော်ရဲ့ အသံက အောက်မှထွက်ပေါ်လာသည်။

"တခြားကျောက်တောင်တက်သမားတွေက ဘယ်လိုလဲတော့ ငါမသိဘူး။ဒါပေမယ့် ငါ့အတွက်တော့ dynamic လှုပ်ရှားမှုတွေကလဲ ကျောက်တောင်တက်တာရဲ့ အရေးကြီးတဲ့အပိုင်းတွေပဲ! ကျောက်တောင်တက်တာရဲ့ ဆွဲဆောင်ချက်ကို မင်းခံစားလို့ရနိုင်တယ်"

"ငါ ခံစားရတာကို မင်းလဲ ခံစားရစေဖို့ မျှော်လင့်မိတယ်။ တစ်နည်းပြောရရင် ငါတို့က အတူတူကစားနေတာမှ မဟုတ်ဘဲ! "

နောက်ဆုံးစာကြောင်းမှာ အသုံးဝင်သွားသည်၊ ကျောက်ပေါ်မှာ ပိတ်မိနေတဲ့လူက လှုပ်ရှားသွားခဲ့​၏။

"top ropingမှာ ပြုတ်ကျတာက ကြောက်စရာမကောင်းပါဘူး။ ကုတ်အားကန်အား နိယာမအရဆို မင်းပြုတ်ကျချင်ရင်တောင် မင်းငါ့ကိုအရင် မြေကြီးပေါ်ကနေ ဆွဲထုတ်မှရမယ်။ မင်းနဲ့ ယှဉ်ရင် ငါက ၇၀ကီလိုကျော်တယ်ဆိုတော့ ဖြစ်နိုင်တယ်မလား?"

ချင်ဝေ့ဟော်က ဆို​၏။

"မင်းက lead climbing မှာဆိုရင်တောင် အကြိမ်၁၀၀ပြုတ်ကျမယ်ဆို ငါက အကြိမ်၁၀၀ဖမ်းနိုင်နေမှာပဲ"

အန်းနင် သူ့ကို ငုံ့ကြည့်လိုက်မိသည်။

"တကယ်!.", ချင်ဝေ့ဟော်က ခေါင်းမော့ကာ ပြောလာခဲ့သည်။

တောင်တက် Gymထဲမှာ သူတို့နှစ်ယောက်သာရှိသည်။ သူတို့က သုံးထပ်မျှ ကွာဝေးနေ​၏။ အန်းနင်မှာတော့ သူ့ကို ကြည့်နေတဲ့ ချင်ဝေ့ဟော်ရဲ့ တောက်ပပြီး နက်ရှိုင်းတဲ့ မျက်ဝန်းတွေကို မြင်နေရဆဲဖြစ်လေသည်။ ချင်ဝေ့ဟော်မှာ ရုပ်သွင်ရောအသံကပါ အေးစက်စက်အရှိန်အဝါတွေ အမြဲတမ်းရှိနေ​၏။ ဒီလို အခြေအနေမျိုးဆိုလျှင် ၎င်းက လူတွေကို လုံခြုံတဲ့ခံစားချက်ကိုပေးစွမ်းသလို အဲ့ဒါထက်တောင် ပိုမည်ဟု ထင်ရလေသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now