ချင်ဝေ့ဟော်က ခေါင်းမော့လျက် သူ့ကို ပြောလာသည်။

"မင်း နည်းနည်းလောက် ရဲကြည့်လို့ရတယ်"

အရာရာတိုင်းကို မှန်မှန်ပဲ သွားတတ်တဲ့ အန်းနင်အတွက်တော့ ဒါဟာ ချေဖျက်ရခက်တဲ့ အကြံပြုချက်တစ်ခုပင်ဖြစ်သည်။ထုံးစံအတိုင်း သူက တစ်နေရာတည်းမှာနေပြီး နောက်တစ်ဆင့်တက်ဖို့ရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလိုက်သည်။ သူ ပိုပြီး မြင့်လာသည်နှင့်အမျှ သူသည် ထိုနေရာတွင်သာ ပိုပြီး ကြာအောင်နေ,နေခဲ့သည်။ ဒါက သူ့လက်တွေကို ချော်မသွားစေဘဲ သူ့ခန္ဓာကိုယ်ကို ပြုတ်ကျစေခြင်းမှ ထိန်းပေးထားပေမယ့် သူ့ခွန်အားကိုလည်း ကုန်ဆုံးစေပြန်သည်။

၉မီတာ အမြင့်ကို ရောက်သောအခါ အန်းနင် သူ့လက်တွေ ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားလာရသည်။အခုအချိန်မှာ သူသည် အလွန်ခက်ခဲသည့် နေရာတစ်ခုနှင့် ရင်ဆိုင်နေရ​၏။ သူ့အတွက် နီးကပ်နေတဲ့ Open Holdနဲ့ အနည်းငယ်ဝေးတဲ့ Pinch Hold*တို့ကို ရွေးချယ်ရန်သာရှိသည်။

အစောပိုင်း ဒီအောက်မှာရှိစဉ်က စီစဉ်ထားခဲ့သော်လည်း တကယ်တက်လာတဲ့အခါမှာတော့ ၎င်းက ပုံပန်းသဏ္ဍာန်ထက် ပိုခက်တယ်ဆိုတာ သိလိုက်ရ​၏။

သူ့လက်ချောင်းတွေရဲ့ လက်ရှိအနေအထားအရဆိုလျှင် ၎င်းနေရာတွင် အရမ်းစောင်းနေတာကြောင့် Open Holdဆီကိုတက်နိုင်မှာမဟုတ်ပေ။ထို့အပြင် ၎င်းက Pinch Hold နဲ့ဆိုလျှင်လဲ အနည်းငယ် ဝေးကွာနေသည်။သူ့လက်ကို ဆန့်ထုတ်ထားသည်ကို မြင်ယောင်ကြည့်လိုက်ရာ မည်သို့ပင်ဖြစ်စေ သူလက်လှမ်းမမီနိုင်လောက်ပါပေ...။

【*TN- Pinch hold က တစ်ဖက်မှာလက်မ၊ တစ်ဖက်မှာ လက်ညှိူးတိုနဲ့ ဖိညှပ်လို့ရတာပါ။】

'Dynoလုပ်ကြည့်သင့်လား'ဆိုတဲ့ အတွေးက သူ့ခေါင်းထဲကို ဝင်လာခဲ့သည်။ ထို့နောက် သူအောက်ငုံ့ကြည့်လိုက်ရာ အမြင့်နဲ့မတ်စောက်မှုတို့က သူ့ကို တွန့်ဆုတ်သွားစေပြန်သည်​။

ချင်ဝေ့ဟော်က သူဘာတွေးနေလဲ သိပုံရသည်။

"မင်း လမ်းကြောင်းနှစ်ခုလုံးကြိုးစားလို့ရတယ်"

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now