"ဘာလို့တစ်ယောက်တည်းလာတာလဲ??"  ဧည့်ခန်းထဲတွင် ယနေ့အတွက် ဆံပင်ပုံစံလုပ်နေသည့် ချန်ဇီရန်က အထီးကျန်နေသောရှန်းချိုက်အား မှန်၏ရောင်ပြန်ဟပ်မှုဖြင့် သတိပြုမိသွားသည်။  "မင်းရဲ့ချစ်သူကို ငါ့နဲ့မိတ်ဆက်ပေးဖို့ ခေါ်မလာဘူးလား??"

"သူ့ကို ဘာလို့ခေါ်လာရမှာလဲ. . . မင်းက သူ့လောက်လည်းအရပ်မရှည်သလို သူ့လောက်တောင်ပုံပန်းသွင်ပြင်မလှဘူး။ သူ့ကိုမြင်ရင်  မင်းဝမ်းနည်းသွားမှာစိုးလို့" ရှန်းချိုက်က ရယ်ရယ်မောမောဖြင့် သူ့လက်ထဲကအချိုရည်များကို စားပွဲပေါ်တင်ပေးလိုက်ပြီး အခန်းထဲရှိဝန်ထမ်းများကို သုံးဆောင်ကြရန်ပြောလိုက်၏။

သို့ပေမယ့် ဘယ်သူကမှ မလှုပ်ခဲ့ပေ။

အေးဂျင့်ဖြစ်သူသည် မျက်နှာတင်းတင်းဖြင့် " ဇီရန်က ဟိုတလောကမှ ကိုယ်အလေးချိန်ချထားတာ. . . ဒီလို သကြားပါတဲ့အချိုရည်တွေ မသောက်ဘူး" ဟု ပြောဆိုခဲ့သည်။

ခဏလောက်တော့ အဝတ်လဲခန်းထဲရှိလေထုက အေးစက်သွား၏။

ရှန်းချိုက်သည် ထိုအကြောင်းပြချက်ကို  သဘာဝကျကျပင် နားလည်ပေးနိုင်ခဲ့သည်—ယခုအချိန်တွင် ချန်ဇီရန်သည် ကုမ္ပဏီကို ငွေရှာပေးနေသူဖြစ်ကာ မျက်လုံးများစွာကလည်း သူ့ကိုအကဲဖြတ်ရန် စောင့်ကြည့်နေကြ၏။ ကုမ္ပဏီသည် သူပါဝင်ပတ်သတ်သော ကဏ္ဍအားလုံးကို ထိန်းချုပ်ထားပြီး သူ့သူငယ်ချင်းများနှင့်ကိစ္စကိုပင် ကြားဝင်ဆောင်ရွက်ပေးလေသည်။

ချန်ဇီရန်သည် တစ်ချိန်ကတော့ ရှန်းချိုက်အား သူ့ကုမ္ပဏီတွင် လက်မှတ်ထိုးစေချင်ခဲ့ပြီး အလွန်ရိုးရှင်းစွာပင် တွေးတောခဲ့သည်။  သူတို့နှစ်ဦးသည် ညီအစ်ကိုကောင်းများဖြစ်သောကြောင့် အနာဂတ်တွင်လည်း တူညီသောကုမ္ပဏီတွင်အလုပ်လုပ်နိုင်ကာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ခံစားခဲ့ရခြင်းဖြစ်သည်။  သူ့အေးဂျင့်သည်လည်း ရှန်းချိုက်၏ရုပ်ရည်သွင်ပြင်ကို အလွန်ကျေနပ်နေခဲ့ပြီး ရှန်းချိုက်နှင့် သီးသန့်စကားပြောခဲ့၏။ သို့သော် ထိုကဲ့သို့  လှပလွန်းသောကျောက်စိမ်းလေးသည် အမှန်တကယ်ပင် ခိုင်မာတည်ကြည်သော ကျောက်တုံးနှလုံးသားတစ်ခုရှိနေကြောင်း သိလိုက်ရလေသည်။ ကောင်လေးသည် ကြယ်ပွင့်တစ်ဦး သို့မဟုတ် ငွေအများကြီးရမည့်အလုပ်မျိုးကို မလိုချင်ပေ။ ရယ်စရာကောင်းလောက်အောင် တစ်လကိုနှစ်ထောင်ပဲရမယ့် အဲ့ဒီ့စင်သေးသေးလေးမှာ ဆက်နေချင်တာတဲ့။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now