ခဏအကြာတွင် ပစ္စည်းလာပို့သူက ကမန်းကတန်း ရောက်ရှိလာ၏။

"မစ္စတာရှန်းလားခင်ဗျ" လာပို့သူသည် ဗူးကိုဖွင့်၍ ရေခဲတုံးများပါသော အချိုရည်ခွက်များကို ထုတ်ယူလိုက်လေသည်။  " မှာထားတဲ့အချိုရည်ဆယ်ခွက်အတွက် ကျေးဇူးပြုပြီး  လက်မှတ်လေးထိုးပေးပါ"

ရှန်းချိုက်လည်း အက်ပ်ကို အဆင့်သတ်မှတ်ပေးပြီးနောက် အချိုရည်အိတ်နှစ်လုံးကို သယ်သွားလိုက်သည်။ ပရိသတ်များစွာ၏ မနာလိုမှုများအောက်၌ သူရရှိထားသော ပါမစ်ကတ်ပြားကိုဆွဲထုတ်လိုက်ပြီး စတူဒီယိုထဲသို့ တန်းတန်းမတ်မတ်ဝင်သွားတော့သည်။

ရှန်းချိုက်၏ ဝင်ခွင့်ကတ်ပြားကို ချန်ဇီရန်ကပေးထားခြင်းဖြစ်ပြီး သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အလွန်ခင်မင်ရင်းနှီးကြ၏။ ရှန်းချိုက် ဘဲလေးဌာနမှ တေးဂီတပြဇာတ်ဌာနသို့ ပြောင်းလာစဥ်က ချန်ဇီရန်သည် သူ့ကိုမထီမဲ့မြင်ပြုကာ ဒေါသတကြီးကြည့်နေခဲ့သည်အား ရှန်းချိုက်မှတ်မိနေသေးသည်။  နှစ်ပေါင်းများစွာကြာပြီးနောက် နှစ်ယောက်ကြားကခင်မင်ရင်းနှီးမှုမှာ ယနေ့တိုင်ဆက်လက်တည်မြဲနေလိမ့်မည်ဟု မည်သူကမှမထင်ထားပေ။

စင်မြင့်အနောက်ဘက်၌ အလွန်အလုပ်ရှုပ်နေကြပြီး ရှန်းချိုက်ကတော့ သူနှင့်ရင်းနှီးပြီးသားဖြစ်သော အကြီးဆုံးနှင့်အခမ်းနားဆုံးဧည့်ခန်းဆီသို့ သွားရသည့်လမ်းကိုသိနေသည်။

ချန်ဇီရန်သည် အထက်တန်းကျောင်းဆင်းပြီးနောက် ရှိုးတစ်ခုတွင်ပါဝင်ခဲ့၏။ သူသည်  အဆင့်အတန်းမြင့်မားသော ပွဲဦးထွက်တစ်ခုပြသနိုင်ခဲ့ပြီး ယခုအခါတွင်တော့ ဤလုပ်ငန်း၌ အကောင်းဆုံး ၁.၅ လွှာ လတ်ဆတ်သည့်အသားတုံးလေးဖြစ်လာလေသည်—— ထိပ်ဆုံးသို့ရောက်နေပြီဟု မဆိုသာသော်လည်း ဒုတိယတန်းရှိလူများကိုလည်း သူ့နောက်တွင်သေချာပေါက်ချန်ထားနိုင်သည်။

ထိုကဲ့သို့ အပေါ်ထပ်များ၌ အလွန်ဟိတ်ကြီးဟန်ကြီးရှိသည်ဟု ဆိုကြလေသည်။ ချန်ဇီရန်လမ်းတစ်ဝက်လောက်မရောက်နိုင်ခင်မှာပင် အပေါင်းအသင်းရှားသွားသောကြောင့် သူသည် ရှန်းချိုက်နှင့်သူ့အကြား ခင်မင်ရင်းနှီးမှုကို အထူးမြတ်နိုးလာခဲ့သည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now