Part-(29)

10.2K 615 36
                                    

Unicode //

ထိုခုနစ်ရဲ့ သက္ကရာဇ်များထဲမှာ ခက်ခဲသောကာလများရှိခဲ့သည်။ မိန်းမတစ်ယောက်ကို ချစ်ရန် မလွယ်ကူမှန်းသိသော်ငြားလည်း သူမ၏ စိတ်က ထိုမိန်းမအတွက်ဆို တဇွတ်ထိုး ရူးမိုက်ပစ်ရဲ၏။

ငယ်စဥ်ကတည်းက ရလေ လိုလေဘဝ၌ ပြည့်စုံခဲ့ရသော သူမဘဝဟာ ကြီးလာစဥ်မှာလည်း လိုချင်တာကိုရအောင်ယူတတ်ခဲ့သည်။ ပုလဲတင်ဆိုသောမိန်းမတစ်ယောက်က ေယာက်ျားတစ်ယောက်နှင့်လည်း ယှဥ်ပြိုင်ရဲသည့်သတ္တိရှိသည်။

အနီ့အတွက်ဆိုလျှင် သူမဟာ ​ဘာကိုပဲ ဖြတ်ကျော်ရပါ​ေစ။ ခွန်မင်းဆက်ဆို​ေသာယောက်ျားတစ်ယောက်ကို ဖြတ်ကျော်သွားဖို့ကိုလည်းသူမဝန်လေးမှာ မဟုတ်ပေ။

မိန်းမတစ်ယောက်၏ ကြိုးစားမှုက ယောက်ျားတစ်ယောက်ကို အနိုင်ယူနိုင်ကြောင်း သူမပြမည်။ ပုလဲတင်ဆိုတာ အချစ်အတွက် ရှင်သန်သလို မာနနဲ့သိက္ခာအတွက်လည်း ရှင်သန်ရဲသည့်မိန်းမဖြစ်၏။

အနီ့ကိုသူမ စနေနေ့တစ်ရက်ချိန်းဆိုခဲ့သည်။ အနီလာမည်၊ မလာဘူး ခေါင်းမညိမ့်။ အနီ့အတွက် အချိန်ပေးရမည်ဟု သူမထင်ပါသည်။ တဇွတ်ထိုးဆန်တဲ့ သူမအပြုအမူတွေကို အနီကြောက်ရွံ့များနေမလား။

စနေနေ့တွင် ရန်ကုန်မြို့ရဲ့အင်္ဂါနာမ်ဘုရားတစ်ဆူမှာ အနီ့ကို လာရန်ပြောခဲ့သည်။ အနီလာမယ်၊ မလာဘူးဆိုတာ သေချာမပြောတတ်ပေ။ သူမကတော့ အနီမလာလည်းပဲ တစ်ညနေလုံး ဘုရားပေါ်မှာ ထိုင်စောင့်သွားဖို့ စိတ်ကူးရှိ၏။ သူမရဲ့ စိတ်က အမှန်တကယ်ဆို တဇွတ်ထိုးဆန်သည်၊ အတ္တကြီးသည်။ သူမစိတ်ကို အနီမှနားမလည်ရင် ဘယ်သူကနားလည်နိုင်ပါဦးမလဲ။

တစ်ဦးတည်းသော သူငယ်ချင်းချစ်သူကို ငယ်စဥ်ကတည်းက သူမဘက်ကသာ သိသိသာသာရော မသိမသာပါ ချစ်ခဲ့ရတာဖြစ်၏။ မထုံတတ်တေးနဲ့ အနီရောင်နှင်းဟာ ဒါတွေကို နားလည်မည်ဟု မထင်ပေ။

လက်မှနာရီကို ငုံ့ကြည့်တော့ ငါးနာရီကိုညွှန်ပြ​ေနသည်။ မြောက်လေတဖြူးဖြူးက ပုခုံးပေါ်တင်နေသော သူမဆံပင်များကို ဝေ့ခနဲ တိုက်ခတ်သွားသည်။ သူမ ဘုရားပေါ်တွင် စောင့်နေတာ တစ်နာရီရှိ​နေပြီ။

POISONOUS DARLINGWhere stories live. Discover now