အပိုင်း-33

88 7 0
                                    

ဆူးနစ်လေသော
Unicode:;

Part-33

မနက်မိုးလင်းတာနဲ့  ထမင်းစားပွဲက ပုံမှန်ထက်ပို၍ တိတ်ဆိတ်နေသည်သာ။ ကိုယ်လဲ မိုးထက်ကိုစိတ်ပူနေတာနဲ့ သေချာတောင်သတိမထားမိခဲ့ပါချေ။ စားပွဲဝိုင်းက လူလေးယောက်ကလဲ စားစရာများကိုသာ ကြည့်ပြီး တစ်စိုက်မက်မက်စားရင်း အလုပ်ရှုပ်နေကြသည်လေ။ ထိုအချိန်မှ

"မုန်း ဆက် တည်"

အဖေ့ရဲ့ခေါ်သံကြောင့် စားပွဲမှလူအားလုံးရဲ့ လက်များက‌လဲ လေထဲတွင်သာ ရပ်တန့်ပြီး

"မင်း သားကြီး ကားမောင်းနေတုန်း နောက်က ကန်တယ်ဆို"

ဒါ‌ေလးကို သွားတိုင်တာလား ဟုသာ စိတ်ထဲက တွေးပြီး ပြန်ပြောမည်အလုပ်

"မင်းကို အပင်ပန်းခံပြီး လိုက်ပို့ပေးတဲ့ သူကို အဲ့ဒီလိုလုပ်ရလား ဟမ် မင်းဟာလေ မင်းအမေလိုဘဲ ကျေးဇူးမသိတတ်တဲ့ဟာ "

"ဘာကိစ္စ အမေက ပါလာပြန်တာလဲ ကျွန်တော် ဘာလို့ အဲ့ဒီလို လုပ်ရလဲ မမေးတော့ဘူးလား "ဟုဆိုကာ ဖန်ခွက်ကို ချလိုက်သောကြောင့် အခန်းထဲတွင်အသံက ကျယ်လောင်စွာ။

"ဒီအိမ်မှာ မင်းပိုင်တာ ဘာမှမရှိဘူး မင်းက ဘာအချိုးလဲ ကိုယ်လဲ အပြစ်လုပ်ထားသေးတယ် တောင်းပန်ရမှန်းမသိဘူးလား ဟမ်"

"............"

"သားကြီး သူ့ကို ဒီနေ့ကစပြီး အကြိုအပို့လုပ်ပေးစရာမလိုဘူး သူ့ဘာသာ ဘာဖြစ်ဖြစ် ပစ်သာထား ပြီးတော့မှ ငါတို့ကြောင့်ဆိုတဲ့ခေါင်းစဉ်တော့ လာမတတ်နဲ့"ဟုပြောကာ စားပွဲမှ ထသွားလိုက်တော့သည်။ ဟိုမိန်းမကလဲ အဖေနဲ့ ကော်နှင့်ကပ်ထားသည့်အတိုင်း အဖေထသွားသည်နှင့် သူလဲ လိုက်ပြီးသားဖြစ်သည်။ စားပွဲတွင်ကျန်ခဲ့သော လူနှစ်ဦးကတော့ အကြည့်ချင်း စစ်ခင်းနေဆဲပင်။
ထိုအထဲကမှ အနိုင်ရသွားသောပုံဖြင့် အာဏာက ထပြီး

"ကိုကြီး သွားပြီနော် ငါ့ညီ"ဟုဆိုကာ ခနဲ့တဲ့တဲ့ အပြုံးများဖြင့် ကျောခိုင်းသွားတော့သည်။ ရင်ထဲကြိတ်မနိုင်ခဲမရဖြင့် ကျန်နေခဲ့သူမှာ မုန်းတစ်ယောက်ပင် ဖြစ်လေသည်။

ဆူးနစ်လေသောNơi câu chuyện tồn tại. Hãy khám phá bây giờ