အပိုင်း ၁၅ (Z/U)

Start from the beginning
                                    

"အခြေအနေက ဘာမှန်းမသိဘူး အန်တီတိုး ခွဲစိတ်ခန်းထဲဝင်တာ နှစ်နာရီလောက်ရှိပြီး မဝင်ခင်ဆရာဝင်က အခြေအနေတော်တော်ဆိုးတယ်တဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ပြောတယ်အန်တီတိုးရယ် သူတို့အစွမ်းကုန်တော့ကြိုးစားပေးပါ့မယ်လို့ပြောသွားတာပဲ ဒါမဲ့အခုထိကို ဘာမှမသိရသေးဘူး"

ထိုအခါ တိုးက မျက်ရည်တွေကျဆင်းလာရင်း အောက်သို့ငုတ်ထုတ်ထိုင်ချကာ ရင်ဘက်ကိုဖိလိုက်လေသည်။မဖြစ်ပါစေနဲ့ အဲ့လိုကြီးမဖြစ်ပါစေနဲ့မောင်။တိုးကို တစ်သက်လုံးနောင်တရအောင်မလုပ်ပါနဲ့မောင်ရယ်။ဝေယံကလဲ ထိုင်ချရင်း မမတိုးကိုဖက်ကာ ကျောဘက်ကို ပုတ်ပေးကာ အသာနှစ်သိမ့်ပေးလေသည်။

"အဆင်ပြေမှာ ဉီးမဟော် အဆင်ပြေမှာပါ မမတိုးရဲ့"

ဝေယံပြောနေတုန်းပင် ခွဲစိတ်ခန်းထဲက ဆရာမတစ်ယောက်က အပြေးထွက်လာသည်။ထို့နောက် ကောင်တာသို့ ​သွားကာအလောတကြီးနဲ့ပြောလေသည်။

"AB သွေးထပ်ရှိသေးလား အရမ်းလိုအပ်နေတယ် မြန်မြန်မေးပေးစမ်းပါ"

ကောင်တာက နပ်စ်မလေးက ဖုန်းဆက်မေးသောအခါ ABသွေးက ကုန်နေကြောင်းပြောလာလေသည်။ထိုအခါ ထိုဆရာဝင်မလေးက မိသားစုစီအမြန်လာကာစိတ်ညစ်ညစ်နဲ့ပြောလာလေသည်။

"မိသားစုထဲမှာ ABသွေးရှိလား လူနာအတွက် အရေးကြီးလိုအပ်နေတယ် သွေးမရရင် လူနာအတွက်စိုးရိမ်ရတယ် အခုအခြေအနေက တော်တော်ဆိုးနေတယ်"

မဟော့်မိသားစုက တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ ပြီးနောက် ဆရာမကို ခေါင်းခါပြလာလေသည်။မဟော်တို့မိသားစုက တစ်ယောက်မှသွေးမတူကြပေ။O သွေးရှိတဲ့လူကလည်း တစ်ယောက်မှမရှိကြသဖြင့် ဘယ်လိုမှ သွေးယူလို့မရပေ။ထိုအခါ တိုးက မျက်ရည်တွေကျရင်းအရှေ့ထွက်လာပြီး ဆရာမကို မေးလိုက်လေသည်။

"မိသားစုမဟုတ်လဲပေးလို့ရလား တိုးက တိုးက ABသွေးပါ အရင်တလကမှ သွေးထပ်စစ်ထားသေးတယ်"

ထိုအခါထိုဆရာမက အလောတကြီးနဲ့ ပြောလာလေသည်။

"ကောင်းတယ် အာ့ဆို ရှင် တစ်ခါတည်းခွဲစိတ်ခန်းထဲ လိုက်ခဲ့ပေးပါ သွေးက အရေးကြီးလိုနေတာမို့ ချက်ချင်းသွေးထုတ်ပြီး တစ်ခါတည်းလွှဲပေးမှအဆင်ပြေမှာ"

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now