အပိုင်း-32

Börja om från början
                                    

__________&__________

နောက်နေ့ကျောင်းရောက်တော့လည်း အမာန်က ကျောင်းမလာနိုင်ပါ။ အရာရာအားလုံးက တိတ်ဆိတ်လို့ပေါ့။ ခါတိုင်း သုံးယောက်တစ်တွဲတွဲ နေတဲ့ သူတွေက အခုနှစ်ယောက်ထဲနဲ့ အခြေအနေတွေက အေး‌စက်လို့။
"မိုးထက် ငါတို့ညနေ အမာန်ဆီသွားရအောင်ကွာ သူအဆင်မှပြေပါ့မလားမသိဘူး"

"အေးပေါ့ သွားကြ‌တာပေါ့ ဒါမဲ့ ညနေမင်းအကိုလာကြိုမှာမလား "

"ပြောပြီးးတော့သွားရမှာ စိတ်ဆိုးလဲ ခံရုံပဲကွာ "ပြောပြီး ညနေရောက်တော့လဲ တကယ်ပင် ကိုကို‌ေရှ့မသွားချင်သောကြောင့် ချောင်အကွယ်မှာ စောင့်နေလိုက်ပြီး အဆက်ကိုသာ စောင့်နေလိုက်သည်။

"မိုးထက် သူဘာဖြစ်နေလဲမသိဘူး သူလိုက်ပို့မယ်တဲ့ သွားမယ်"

"ဟမ်
တော်ပြီ အားနာစရာကြီး ငါ့ဘာသာ လိုက်ခဲ့မယ် ဆေးရုံမှာဆုံမယ်လေကွာ"ဟု ပြောတော့မှ လက်ကနေလှမ်းဆွဲခံလိုက်ရတဲ့ ကိုယ်လေး

"မိုးလေး "
"ထင်ပါတယ် ‌နောက်ကျောကြည့်ရတာ မိုးလေးနဲ့တူပါတယ်လို့ ကျောင်းဆင်းပြီလား"ဟု ပြောပြီး ကိုကို့အကြည့်တို့က ကျွန်တော့်မျက်နှာချင်းဆိုင်က အဆက်ဆီသို့
"မိုးလေးနဲ့ ဒီကောင်နဲ့ သိတာလား"
  တကယ်ကို ဖြစ်လာရမည့်ဟာဆို ဖြစ်ကိုဖြစ်လာတတ်သည်မဟုတ်ပါလား ။အခုလဲ ဘယ်လောက်ဘဲ ရှောင်လွှဲဖို့ကြိုးစား ကြိုးစား တည့်တည့်ကြီးကို ရောက်ချလာပါပြီ။

"ခဗျားနဲ့ မိုးထက်က "
ကိုကိုရင်ခွင်ထဲရောက်နေသော ကျွန်တော်ကိုကြည့်ပြီး  မေးလာသောကြောင့် ဘယ်က စပြောရမှန်းတောင်မသိသော ကျွန်တော့်အစား ကိုကိုကပင်

"ငါ့ကောင်လေး
မင်းကရော ဘယ်လိုပတ်သတ်တာလဲ"ဟု မေးလိုက်တော့ အဆက်မျက်နှာကို အခြေအနေကြည့်လိုက်ရာ အရမ်းတော့ ဆိုးမနေသောကြောက့် သက်ပြင်းချမိပါတော့သည်။  ပြီးမှ

"အဲ့တာ အဆက်လေ ကိုကိုရဲ့ ကျွန်တော့်အချစ်ဆုံး သူငယ်ချင်း"

"အော်"ကိုကိုဘက်လဲ ထင်မထားနိုင်လောက်အောင် ခေါင်းတစ်ငြိမ့်ငြိမ်ဖြင့်သာ ပြုံးနေသောကြောင့် အခြေအနေက ထင်ထားသလောက်မဆိုးခဲ့ပါ။

ဆူးနစ်လေသောDär berättelser lever. Upptäck nu