❄️❄️final part❄️❄️

2.2K 178 13
                                    

"ကောင်ငယ်လေး....ကောင်ငယ်လေးကိုကိုပြောတာကြားလား"

သူလှုပ်နှိုးနေသော်လည်းနိုးမလာခဲ့
ဘာကြောင့်လဲဆိုတော့ နဂါးပေါက်လေးကိုပါမေ့ဆေးပေးထားသောကြောင့်ပင်
သူ့ကိုလည်းလက်ပြန်ကြိုးတုပ်ထားတာကြောင့်နဂါးပေါက်လေးနားထိတိုးသွားပြီးခန္ဓာကိုယ်နဲ့လှုပ်နှိုးနေခြင်းသာ

နဂါးပေါက်လေးနိုးမလာခင်တစ်နေရာအရောက်ကားရပ်သွားသည်
ကားခေါင်းပိုင်းကတံခါးဖွင့်သံကြားတော့သူသတိမေ့ချင်ယောင်ဆောင်လိုက်တယ်

"ဟိုနဂါးလေးကိုငါတို့သတ်လိုက်မယ် ဒီတစ်ခါရှားပါးပစ္စည်းလေလံဆွဲပွဲရောက်ရင်နဂါးလေးရဲ့အမှတ်အသားပြုအကြေးခွံကဈေးအဆမတန်ကိုရမှာငါတို့မမျှော်မှန်းထားတဲ့ဈေးမျိုး
သူ့နှလုံးကိုနယ်စပ်ဘက်ကချမ်းသာတဲ့သူဌေးတစ်ချို့ဆီပြန်ရောင်းမယ်အဲ့သူဌေးတွေကအဖိုးကြီးတွေဆိုတော့သူတို့အသက်ရှည်ဖို့ဆွဲဆန့်တဲ့နေရာမှာနဂါးနှလုံးကတော်တော်အသုံးဝင်တယ်လို့ငါကြားတယ်"

"ဟားဟား....မြန်မြန်အကောင်အထည်ဖော်ရအောင်
ပြီးရင်တော့ဟိုတစ်ကောင်ကိုသတ်ပစ်မယ် သူ့ကိုမသတ်ခင်ငါတို့ကနဂါးကိုအရင်ဆုံးသတ်ပြီးလုပ်စရာရှိတာလုပ်ရမယ်"

ရှောင်းကျန့်သူတို့စကားသံတွေကိုကြားပြီးပူထူသွားတယ်
သူဘာလုပ်ရမလဲစဉ်းစားမရ

ဗြွမ်း

"အဟွတ်....အဟွတ်"

သူ့မျက်နှာကိုရေနဲ့လာပတ်တာကြောင့်နှာခေါင်းထဲရေတွေဝင်ကာမွန်းကုန်တယ်
နဂါးပေါက်လေးကိုပါရေနဲ့ပတ်လိုက်တော့အကြေးခွံတွေကပေါ်လာတယ်
Truckကားကိုဖွင့်လိုက်တော့မှမိုးလင်းပြီးနေတော်တော်ထွက်နေမှန်းသူသိသည်
နေရောင်အောက်မှာအကြေးခွံတွေကအရောင်တဖိတ်ဖိတ်
Truckကားအစွန်းကနေရှောင်းကျန့်ကိုကန်ချလိုက်ကာနဂါးပေါက်လေးကိုတော့သူတို့ပခုံးပေါ်ကနေထမ်းခေါ်သွားတယ်
ပိုက်ကွန်အုပ်လျက်သား

စက်ရုံပျက်ကြီးလိုနေရာတစ်ခု
ကာထားတဲ့ပလတ်စတစ်စတွေကိုဖယ်ပြီးဝင်လိုက်တော့သွေးတွေနဲ့ချွန်ထက်တဲ့ပစ္စည်းတွေကသူတို့ကိုစီးကြိုနေတယ်
သူတကယ်ပင်စိတ်တွေထူပူလာတယ်

𝐁𝐥𝐮𝐞 𝐃𝐫𝐚𝐠𝐨𝐧  𝐴𝑛𝑑 𝐃𝐨𝐜𝐭𝐨𝐫 𝐆𝐞𝐠𝐞Where stories live. Discover now