" ဟုတ်တယ် အဲ့အလုပ်ရဖို့ကျတော့်မှာ မနဲကြိုးစားထားရတာ "
" ဟုတ်လား ဘယ်လိုတွေတောင်ကြိုးစားခဲ့ရတာတုန်း "
ဟန်နရီ မသိချင်ယောင်ဆောင်၍ ခပ်ရဲ့ရဲ့လေးပြုံးလိုက်ကာ ထိုင်ခုံပေါ်မှာသွားပြန်ထိုင်လိုက်သည်...လွန်းကလဲ ဟန်နရီနောက်ကိုလိုက်တာ ဟန်နရီပေါင်ပေါ်တတ်ထိုင်လိုက်သည်
" ကျတော် အလုပ်လျှောက်တုန်းက ဆေးရုံအုပ်ကကျတော့်ကို ဘွဲ့မရသေးလို့ အလုပ်မခန့်ဘူးတဲ့ "
" ဟာ ဟုတ်လား တော်တော်ဆိုးတဲ့ဆေးရုံအုပ်ပေါ့ ဆက်ပြောပါအုံး "
" အဲ့တာနဲ့ ကျတော်လဲ အဲ့ဆေးရုံရှေ့က ထိုင်ခုံလေးမှာပဲ တနေကုန်ထိုင်နေရတာ နေ့လည်စာတောင်မစားလိုက်ရဘူး "
"ဟာကွာ သနားပါတယ် "
" ဗိုက်တွေလဲအရမ်းဆာတာပေါ့ "
" သနားစရာလေးကွာ "
" အဲ့တာနဲ့ ကျတော်လဲလက်လျှော့ပီး အိမ်ပြန်လာရတာပေါ့ "
" ဒါပေါ့ ဒါပေါ့ "
" ဒါပေမဲ့ ကျတော်ဘယ်လောက်တော်လဲဆိုတာ ခင်ဗျားသိတယ်မှတ်လား "
" သိတာပေါ့ ကို့အချစ်ကအတော်ဆုံးလေ "
" နောက်နေ့ကျ ကျတော့်ကိုဖုန်းဆက်လာတယ် ကျတော်က ကျောင်းမှာထူးချွန်လို့တဲ့ ဘွဲ့မရသေးပေမဲ့ အစမ်းခန့်သုံးလခန့်မယ်တဲ့လေ "
" ဟုတ်လား ၀မ်းသာစရာပေါ့ "
" ကျတော့်ကို ပေးတဲ့လစာကလဲအများကြီးပဲ ကျတော်ကအဲ့လောက်ရမယ်တောင်မထင်ဘူး "
" အချစ်က ထူးချွန်တာဆိုတော့ အများကြီးပေးတာနေမှာပေါ့ "
" ကျတော့်ကို စီနီယာတွေအကုန်လုံးကလဲ ဂရုစိုက်ကြတယ် "
" အချစ်က ချစ်ဖို့ကောင်းတော့ ဂရုစိုက်ကြမှာပေါ့ "
" အာ မေ့သွားတယ် ကျတော်ကခင်ဗျားကို စိတ်ဆိုးနေတာလေ
ခင်ဗျား ပြန်တော့ "သူပဲကိုယ့်ပေါင်ပေါ်လာထိုင်ပီး ပြောပြနေပီးတော့ အခုတော့ လူကိုနှင်ထုတ်နေပြန်ပီ....လွန်းတာနေဆန်းက တကယ်စိတ်ရှုပ်စရာလေး...
Ep-45(Uni/Zg)
Start from the beginning