ဒီတစ်ကြိမ်မှာတော့ အန်းနင်က အတန်းအလယ်ပိုင်းမှာထိုင်နေခဲ့တာဖြစ်သည်။ ပရော်ဂျက်တာက မှန်ဘီလူးရဲ့ အားဟာအနည်းငယ် အားနည်းနေတာကြောင့် စခရင်အတွက် အလယ်မှာထိုင်တာက ပိုပြီး သင့်တော်လေသည်။ ချင်ဝေ့ဟော်ရောက်လာသောအခါ မင်းလမ်းအနီးမှာထိုင်နေတဲ့ သူငယ်ချင်းတစ်ယောက်က ဖြတ်သွားခွင့်ပေးလိုက်​၏။ အန်းနင်က ချင်ဝေ့ဟော် သူ့ဘေးလာထိုင်နေတဲတစ်လမ်းလုံးကို ကြည့်နေခဲ့မိသည်။ ထို့အပြင် သူတို့က ရုတ်တရက် အာရုံစိုက်ခံရတဲ့ ဆုံချက်ဖြစ်လို့လာသည်။ ချင်ဝေ့ဟော်ကတော့ ကြုံဖူးပေမယ့် သူ့နဲ့အတူထိုင်ရတာက အရမ်း ဖိအားပေးခံရသည်ဟု အန်းနင်တွေးမိသည်။

ထို့နောက် စာသင်ခန်းက တဖြည်းဖြည်းလူပြည့်လာခဲ့သည်။ ဆရာမကလဲ ဒီနေ့ မုဒ်ကောင်းနေတဲ့ပုံစံဖြစ်နေပြီး ပြောလာသည်။

"ဒီနေ့ attendance နှုန်းက အတော်လေး ကောင်းသားပဲ​​! ဒါကြောင့် ငါ roll call.မခေါ်တော့ဘူး"

ချင်ဝေ့ဟော်က သူ့ဘက်ကို ယိမ်းလာပြီးမေးသည်"သူမက roll callမကြာခဏခေါ်တယ်လား?"

အန်းနင်မှာ သူ့နားအနီးတွင် ခပ်နိမ့်နိမ့်အသံကို ကြားလိုက်ရသဖြင့် ခေါင်းညိတ်လိုက်မိသည်,"တစ်ခါတလေပေါ့"

ချင်ဝေ့ဟော်က ကြိတ်မှိတ်သည်းခံလိုက်ရသလို နှုတ်ခမ်းထောင့်များက ခပ်ဖျဖျကွေးတက်သွားလေသည်။ အန်းနင်ကအသိအမှတ်ပြုခံရမှာ ရှက်နေတဲ့ အမူအရာနဲ့ပြောလိုက်သေးသည်,"ငါမင်းအတွက် နှစ်ခါဖြေထားပေတယ်။ဒါကြောင့် မင်းအဆင်ပြေမှာပါ."

ချင်ဝေ့ဟော်က သူ့ကိုကြည့်ပြီး မျက်ခုံးပင့်လိုက်သည်,"ကျေးဇူးပဲ"

အန်းနင် ရှက်သွားရသည်,"ရပါတယ် ဒါကဘာမှမဟုတ်ဘူး ၊ ဒါပေမယ့်..."

"ဒါပေမယ့် ဘာလဲ?"

"ဒါပေမယ့် မင်းက အခုရောက်နေပြီဆိုတော့ နောက်ကျငါဖြေပေးဖို့ အဆင်မပြေတော့ဘူး။ ဆရာမက မင်းကိုသေချာပေါက် မှတ်မိနေတော့မှာ."

"ဘာလို့လဲ?"

အန်းနင် ပါးစပ်ဟလျက် ဒီမေးခွန်းကို အပြစ်ကင်းစွာမေးနေတဲ့ ချင်ဝေ့ဟော်ကို ကြည့်လိုက်မိလေသည်။ ချင်ဝေ့ဟော်ကလဲ သူ့ကိုပြန်ကြည့်နေပြီးမှ နှစ်စက္ကန့်လောက်ပြီးမှ "အိုး"ဟု ပြောလာ၍ သူ့ဘာသာသူ ခေါင်းညိတ်လိုက်သည်။ ထို့နောက်သူက ပြော​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now