အပိုင်း(၂၄)

Start from the beginning
                                    

"ကိုကို"

"ဘာလုပ်နေတာလဲ လက်တွေလည်းပေပွလို့"

သဲတွေမြေကြီးတွေပေနေသည့် လက်ကိုမေးငေါ့ပြလို့ရာဇမေးတော့ ဟီးခနဲမျက်နှာချိုလေးအရင်သွေးပြီးမှ

"ခရမ်းသီးပင်စိုက်နေတာ"

"သြော် ဘာလုပ်ဖို့စိုက်တာလဲ"

"စားဖို့ပေါ့ဗျ သူကအသီးသီးတာမြန်တယ်လေ"

"ဟုတ်ပါပြီ အရင်ဆုံး..လက်ဆေးပြီးကိုကိုနဲ့လိုက်ခဲ့နော် ပြောစရာရှိလို့"

"ဟုတ်ဟုတ်"

ပုတ်သင်ညိုလေးလိုခေါင်းလေးညိတ်ရင်း လက်သွားဆေးသည့်ကောင်လေးကိုကြည့်ရင်း နှုတ်ဆက်စကားတစ်ခွန်းအားမည်သို့ပြောရမည်ကိုရာဇတွေးတောနေမိသည်။စကားလုံးတွေကိုစီနေရင်းနှင့်ပင် ပိစိကိုမထားခဲ့ချင်သည့်စိတ်ကပိုလာပြန်သည်။

"ကိုကို သွားမယ်လေ"

"ဟင် အင်းအင်း"

.
.

"ကောင်းကင်ကြီးကဘယ်လောက်ကျယ်လဲသိလား"

ရာဇမေးတော့ခေါင်းလေးစောင်းကာအချိန်အတော်ကြာစဥ်းစားနေသည်။မျက်မှောင်လေးကလည်းကြုတ်ထားသေးတာကြောင့် လူကြီးဟန်ဆောင်နေသည့်ကလေးပေါက်လေးတစ်ကောင်လို။

"အတိုင်းအဆမရှိဘူးလို့ထင်တာပဲ"

"အင်း သူ့မှာအစရောအဆုံးရောမရှိဘူး"

"ဘာလို့ဒီအကြောင်းတွေပြောနေရတာလဲ"

"လူနှစ်ယောက်ကြားမှာရှိတဲ့ခိုင်မြဲတဲ့ကြိုးတစ်ချောင်းကလည်း ကောင်းကင်လိုပဲအစရောအဆုံးရောမရှိဘူး"

"အဲတာနဲ့ဘာဆိုင်လို့...."

"ကိုကိုပြန်ရတော့မယ် ပိစိလေး"

"..........."

ဂျိမ်းးးးး

ရုတ်တရက်ကြီးကောင်းကင်ကညိုမှိုင်းလာကာ မိုးခြိမ်းသံကျယ်လောင်လောင်ကလည်းလောကတစ်ခွင်ညံသွားခဲ့သည်။ခုနကပဲ ပြာလဲ့နေသည့်ကောင်းကင်ကြီး မဲမှောင်သွားလိုက်ပုံများ စောလွန်း၏အတွင်းစိတ်ခံစားချက်ကို သရုပ်ဖော်ပြနေသလားအောက်မေ့ရသည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now