အပိုင်း(၂၄)

Start from the beginning
                                    

"ကြည်လည်းသေချာမသိပါဘူးအကိုရယ် ပိစိဆိုလားဘာစိဆိုလား အခုတလောပါးစပ်ဖျားကကိုမချဘူး"

"အစွဲအလမ်းကြီးတဲ့ကောင် ဘာတွေအရူးထနေပြန်ပြီလဲမသိဘူး"

"အကိုနော်...သူများသားလေးကို"

ဗိုက်ကြောကိုဆွဲလို့မျက်စောင်းလေးဝေ့ရင်း ညူဆူလာသည့် ကြည်ကြောင့် ရာဖေ့မျက်နှာကြီးမှောင်မဲသွားရသည်။စိတ်ထဲမှလည်းတစ်ဦးတည်းသောသားလေးကိုကြိမ်းမောင်းမိသည်။

သင်း(ဒင်း) အူးဝဲဆိုပြီးလူ့လောကထဲရောက်လာကတည်းက ရာဖေဆိုတာကြည့်ရဲ့ဒုတိယနေရာရောက်သွားခဲ့တာမဟုတ်လား။

ကိုယ့်စွမ်းဆောင်ချက်ကြောင့်လူဖြစ်လာတဲ့ကောင်စုတ်လေးက ကိုယ့်ကိုကျောသွားတယ်လို့ကွာ....တောက်စ်!

.
.

သစ်သားလှေကားကနေ ရာဇတစ်ယောက် နှေးကွေးစွာတစ်ထစ်ချင်းဆင်းလာခဲ့သည်။ခန္ဓာကိုယ်ကလှုပ်ရှားနေပေမဲ့ စိတ်အစဥ်ကတော့ရေသေလိုတုပ်တုပ်မျှမလှုပ်ဘဲ အဖေနှင့်မေမေပြောသော မနက်ဖြန်ရန်ကုန်ရမည်ဆိုသည့်အကြောင်းကိုသာထပ်ခါထပ်ခါတွေးနေမိသည်။ကိုယ်နေထိုင်ရာကိုယ့်အိမ်ကိုပြန်ရမှာကြောင့် ပျော်နေသင့်တာကို အခုတော့...စိတ်ထဲလေးလံနေမိသည်။

တစ်စုံတစ်ရာကိုစိတ်မချသည့်စိတ်နှင့်အတူ  မျက်လုံးထဲမြင်ယောင်လာသည်က ကိုယ့်ကိုပက်ခနဲပြန်ပြန်ပြောတတ်သည့်စွာတေးလန်ပိစိလေး။တဖန် ရွယ်တူကလေးတချို့အနိုင်ကျင့်တာခံနေရသည့်ပိစိ။ခန္ဓာကိုယ်ငယ်လေးတုန်ယင်လို့ထိတ်လန့်ကြောက်ရွံ့နေရှာသည့်ကလေးလေး။

ရာဇအသက်ကိုပြင်းပြင်းရှူရှိုက်လိုက်သည်။ကာကွယ်ပေးမယ်လို့ပြောခဲ့ပေမဲ့ ကိုယ်တိုင်ကအရွယ်မရောက်သေးသူဖြစ်နေတော့  ရွေးချယ်စရာလမ်းလည်းမရှိပေ။ထို့နောက်  ပုဆိုးကိုခပ်ကျစ်ကျစ်ပြန်ပြင်ဝတ်လို့ ခြေလှမ်းတွေကိုပိစိအိမ်သို့ဦးတည်လိုက်သည်။

"ပိစိရေ ဟိတ်ကောင်လေး"

သူ့ဝိုင်းထဲမှာငုပ်တုတ်လေးထိုင်လို့ မြေကြီးတွေတူးဆွရင်းအလုပ်ရှုပ်နေသူလေးကို ရာဇခပ်တိုးတိုးလှမ်းခေါ်လိုက်သည်။သူ့အသံကြားတော့ ခေါင်းလေးထောင်လာကာ သွားစိရယ်ပြရင်းဝိုင်းအပြင်မှာရပ်နေသည့်ရာဇဆီသို့တန်းတန်းမတ်မတ်ပြေးလာသည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now