Part 1

127 8 2
                                    

Uni Code

Kimစံအိမ်ဝယ်
တီ...... တီ...... တီ.....
"ဟာ shit ဒီနာရီကလည်း"
သူသည် သူ့အနားတွင် မြည်နေသည့် နှိုးစက်ကို မျက်လုံးမဖွင့်စေပဲ လက်နှင့် စမ်း၍သာ ပိတ်ပြီး ပြန်အိပ်ဖို့ လုပ်သည်။

ထို့နောက် ပြန်လည်မြည်လာပြန်သည့် နိုးစက်
"ချီးပဲကွာ။ ဘာလို့ ပြန်ပြန်မြည်နေတာတုန်း.....!ရတယ်လေ။ Taeတဲ့ 1 Taeပဲ ရှိတယ်။ 2 Taeရှိရင် ရိုက်သတ်ပြစ်မယ်။" ဟုဆိုကာ ခေါင်းအုံးနှင့် နားကို ပိတ်ချလိုက်ပြီး ပြန်အိပ်ရန် ကြိုးစားသည်။ ခွမ်း...! သို့သော်လည်း ကြားနေရဆဲဖြစ်၍ မခံနိုင်သည့် အဆုံး နှိုးစက်ကို ကောက်ပေါက်လိုက်၍ နှိုးစက်လေးမှာ ကွဲကြေနေ၏။

"ဘမ်း" "အား.....ဘယ်ကောင်လဲ ငါ့ကို ရိုက်တာလဲ👿"
ထိုအသံ၂သံမှ ၁သံမှာ တယောက်ယောက်ကား သူ့တင်ပါးအား ရိုက်ချလိုက်၍ မြည်သောအသံဖြစ်ပြီး တစ်သံကား သူ့အားရိုက်၍ မကျေနပ်တာကြောင့်
ကြိမ်းဝါးသည့်အသံဖြစ်သည်။
ကြိမ်းဝါးပြီး တစ်ကာလ မျက်လုံးဖွင့်ကြည့်လိုက်သော် သူ့အား မျက်ထောင့်နီကြီးနှင့် ကြည့်ကာ လက်ထဲတွင် ဒယ်ပြားကြီး ကိုင်ထားသည့် သူ့အကို။

Tae- "ဟာ.....hyung။ ဘာလို့ ထယ့်ကို ရိုက်တာတုန်း။ ထယ်ပိုးမွေးသလိုလေး မွေးထားရတဲ့ ဥလေးကို။"
Sj- "ဘာမှ လာမHyungနဲ့။ အချိန်ကြည့်လိုက်ဦး။ ဘယ်နှစ်နာရီရှိပြီလဲ။ အချိန်ကဖြင့် နောက်ကျနေပြီကို သူ့ဖင်ကိုများ လာကြေညာနေသေးတယ်။ မြန်မြန်ထ။ သွားဖို့လုပ်မယ်။ ၈မိနစ်အတွင်း ပြီးအောင်လုပ်။ မပြီးရင်တော့ နင့်ကို ချန်ခဲ့မယ်။"
Tae- "Nae. Hyung"

သူ့hyungကို ထိုသို့လုပ်၍ စိတ်ဆိုးသည်လားဟု မေးလျှင် စိတ်မဆိုးပါ။ အရင်တုန်းက သူအသုံးမကျခဲ့လို့ သူ့hyung ဒုက္ခရောက်ခဲ့ရသည်မလား။ သူ့hyung ကျောပြင်ကျယ်အား ကြည့်၍
Tae- "Hyung, ဒီတစ်ခေါက်တော့
ထယ်က hyungကို ရအောင်
ကာကွယ် ပေးပါ့မယ်။"
သူ့ကို မြန်မြန်လုပ်ခိုင်းထား၍ သူသည်လည်း အိပ်ယာမှ ထကာ ရေချိုးခန်းထဲသို့ဝင်၍ လုပ်စရာ ရှိသည်များ လုပ်တော့သည်။
သူရေချိုးခန်းထဲသို့ ဝင်နေချိန် Seokjinလည်း Taeအခန်းထဲသို့ ပြန်ဝင်လားပြီး "ဟင်း....ဒီကလေးကလည်း ထင်တဲ့အတိုင်းပဲ။ အိပ်ယာတွေကို မခေါက်ထားဘူး" ဟူ၍ဆိုကာ အိပ်ယာကို သေချာပြန့်ပြူးနေအောင် လုပ်ပြီး သိမ်းနေလေ၏။
"Hyungတောင်းပန်ပါတယ်။ ဒီတစ်ခေါက်တော့ မရရအောင် Hyungကာကွယ်ပေးပါ့မယ်။"ဟုဆို၍ အခန်းထဲမှ ထွက်သွားလေသည်။

Our Blessings OnesWhere stories live. Discover now