ယွီချင့်ဟွမ်ရဲ့အစီအစဥ်ကိုအပြောင်းအလဲလုပ်ဖို့ရဦးမလား ဟူ၍ သူမေးတော့မလိုလုပ်စဉ်မှာ ယွီချင့်ဟွမ်မှာဆက်လက်ဆိုလာ၏။

"ရွေ‌ကော မနက်ဖြန်ကလဆန်းပိုင်း၁၅ရက်ပဲ လူတိုင်းကမိသားစုအတူဆုံစည်းဖို့အိမ်ပြန်လိုကြတယ် ကျန်တဲ့သူတွေပါနားရက်တရက်ပေးလိုက်ပါတော့လား"

နှစ်သစ်ကူးညစာစားပွဲပြီးကတည်းက ယွီချင့်ဟွမ်နှင့်ကျောက်ရွေမှာတယောက်ကိုတယောက်ပိုမိုရင်းနှီးကျွမ်းဝင်လာကြပြီး အပြန်အလှန်စနောက်တာတွေတောင်လုပ်ရဲကိုင်ရဲရှိနေလေပြီ။

ကျောက်ရွေမှာအပေါက်ဆိုးသော်ငြား ကြင်နာသနားတက်သောစိတ်နှလုံးရှိမှန်းသူသိလိုက်ရ၏။ရိုက်ကူးရေးအချိန်တွေကို ပြည့်ကြပ်ညပ်နေအောင်လုပ်ထားရသောအကြောင်းရင်းကိုက နှစ်သစ်ကူးကာလမှာ လူတိုင်းကိုနားရက်၂ရက်ပေးချင်လို့ဖြစ်နေတာပင်။

သို့ရာတွင် သူ့ရဲ့စကားလုံးကြမ်းကြမ်းတွေက လူတွေကိုတခါတခါအထိနာသွားစေနိုင်တာမို့ ဘယ်သူကမျှ နောက်ကွယ်ကစိတ်ရင်းမှန်ကို သဘောပေါက်ဂရုမစိုက်မိကြပေ။ယွီချင့်ဟွမ်မှာ ထိုသူ့ပခုံးအားအသာပုတ်ပေးလိုက်ရင်း ပြောလိုက်သည်။

"ရွေကော Ada အချိန်ဇယားကပြန်ညှိမရ‌တော့ဘူး ကျွန်တော့်ကိုတရက်လောက်ခွင့်ပေးပြီး လူတိုင်းကိုတရက်လောက်နားပါစေလားဗျာ"

ရိုက်ကူးရေးဟာအဆုံးသတ်ကာလကိုချဉ်းကပ်လာပြီမို့ ရက်သတ္တပတ်တပတ်အတွင်းအပြီးသတ်တော့မည်မျှော်မှန်းရ၏။ဒီလိုဆိုမှတော့ လူတိုင်းကိုမီးပုံပွဲတော်အတွက်တရက်အနားပေးလိုက်ဖို့ဆိုတာ ရေးကြီးခွင်ကျယ်ကိစ္စကြီးမဟုတ်တော့ချေ။

ကျောက်ရွေမှာတခဏမျှတိတ်ဆိတ်သွားပြီးနောက်မှ သူ့အားသုန်သုန်မှုန်မှုန်တချက်ကြည့်လာပြီး

"ငါ့မှာတခြားရွေးချယ်စရာများရှိနေသေးလို့လား?"

ယွီချင့်ဟွမ်မှာ ယခုဇာတ်ကားအတွက် အဓိကဇာတ်ဆောင်အခန်းကဏ္ဍကနေအကြွင်းမဲ့ပါ၀င်ထားရသည်ဖြစ်ရာ သူသာမရှိရင် ဇာတ်ကားကလည်းရိုက်ကူးစရာဟူ၍မရှိတော့‌။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now