"ခင်ဗျားဘာပြောလိုက်တာလဲ?"

သူတို့မီးနီစောင့်နေချိန်တွင် ချင်ဝေ့ဟော်က ကားပြတင်းပေါက်ပေါ်မှာ တံတောင်ကိုတင်ထားပြီး သူ့မေးကို ခပ်ဖွဖွပွတ်နေခဲ့သည်။ သူဘာတွေစဉ်းစားနေလဲ ကျုံးကျင်း မသိပါချေ။ ကျုံးကျင်းက ချောင်းဟန့်လိုက်ပြီး မေးလာသည်, "အဲ့နေ့က မင်းရုတ်တရက်ကြီးဘာလို့ ချန်ဖေးအိမ်ကိုပြေးသွားခဲ့တာလဲ?"

ချင်ဝေ့ဟော်က ဘာမှမပြောလာပဲ ကားစထွက်လိုက်သည်။ ကျုံးကျင်းလဲ သူထပ်မကြားပြန်တာလားဆိုတာမသေချာခဲ့။ကျူံးကျင်းသည် ဒီကလေးရဲ့စိတ်ဟာ ထိုကိစ္စပေါ်မှာ တဝဲလည်လည်ဖြစ်နေတာကို ခံစားမိပြီး သူ့ကို လေးလေးနက်နက်သတိပေးလိုက်သည်။

"ရှောင်ဟော်!!ငါ့ကို အများကြီးပြောနေလို့ အပြစ်မတင်ပါနဲ့။ မင်းကအရင်က စိတ်မဝင်စားခဲ့ဘူးလေ။ မင်းသာတစ်ယောက်ယောက်ကို တကယ်ကြိုက်မယ်ဆိုရင် ငါလဲ မင်းအတွက်ပျော်တာပေါ့ကွ။ ဒါပေမယ့်ကွာ မင်းက တစ်ဆင့်ချင်းသွားရမယ်လေ အဲ့လူကို ကြောက်သွားအောင် မလုပ်ရ..."

ချင်ဝေ့ဟော်က ကြားဖြတ်လိုက်သည်,"ခင်ဗျား အရမ်းတွေးနေပြီ"

ကျုံးကျင်းကရေရွတ်သည်, "အဲ့လိုဖြစ်နေပါစေလို ငါဆုတောင်းပါတယ်"

သူတို့ ဆေးရုံရောက်ပြီး ကားထဲကထွက်လိုက်ချိန်မှာ ကျုံးကျင်းကသတိရသွားပြီးပြောလိုက်သည်။

"စကားမစပ်,မင်းအဖေက ငါ့ဆီကို ဖုန်းခေါ်ပြီး မင်းကျောင်းက အခြေအနေကို မေးနေတယ်။ မင်းတို့က အဖေနဲ့ သား....."

ချင်ဝေ့ဟော်က တဲ့ပင် "ကျွန်တော့်ကိုလာမပြောနဲ့"ဟု ကြားဖြတ်ကာပြောသည်။ သူ​ ဝီးချဲလ်ကို တွန်းလိုက်ပြီး ဓာတ်လှေကားထဲကို ဝင်လိုက်သည်။

ဓာတ်လှေကားထဲဝင်ပြီးနောက် ချင်ဝေ့ဟော်က ချောချောမွေ့မွေ့ပင် သူ့နောက်မှကြမ်းပြင်ကို ဖိလိုက်ပြီး ဝီးချဲလ်ကိုကျွမ်းကျင်စွာ လှည့်ကာကူညီလာသည်။ ဓာတ်လှေကား တံခါးတွေက ပုံရိပ်ထင်နေသည်။ ကျုံးကျင်းက ချင်ဝေ့ဟော်တစ်ယောက် အဖြူရောင်ဆွယ်တာအိတ်ကပ်တွေထဲမှာ လက်ထည့်လျက် သူ့နောက်ရှိနံရံကို မှီ၍ ရပ်နေကာ အေးစက်စက်ဖြင့်အထပ်နံပါတ်တွေက်ု စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now