နောက်ပိုင်းတွင် ချင်ဝေ့ဟော်က သူ့တိုက်ခန်းကနေပြောင်းပြီး ဒီကိုပဲတိုက်ရိုက်လာလိုက်တာဖြစ်ရမည်ဟု သူတွေးမိသည်။

ဒါမှမဟုတ် တစ်ရက်ကြိုတင် ပြင်ဆင်ချင်နေတာလား?

ဘူတာရုံရဲ့ ကြေညာချက်သံထွက်လာခဲ့သည်။ သူ ခဏတာကြောင်သွားပြီးမှ ဂိတ်ကိုရောက်ပြီမှန်းသဘောပေါက်လိုက်ကာမြန်မြန် ရထားပေါ်က ဆင်းလိုက်ရ​၏။

ဒီမနက်ရဲ့ သူ့အတွေးအားလုံးဟာ ချင်ဝေ့ဟော်နဲ့ စက်ဆိုင်တဲ့ ကိစ္စတွေချည်းပဲ ဖြစ်လို့ သူ့စိတ်တွေကလဲ အနည်းငယ်နှောင့်နှေးနေခဲ့တာဖြစ်သည်။

ထိုနေ့က ချင်ဝေ့ဟော်လဲ လန်ထျန်းနိုင်ငံကို သွားခဲ့သည်။ သူ ကျူံးကျင်းကို ဆေးရုံခေါ်သွားတဲ့အချိန်မှာကားက ချန်ဖေးရဲ့အိမ်ကနေ ဖြတ်သွားရသည်။ သူ အန်းနင်က ထောင့်ချိူးတစ်ဝိုက်ကနေ ကျောပိုးအိတ်လေးနဲ့ ထွက်လာတာကို မြင်လိုက်ရသည်။ သူလမ်းလျှောက်နေရင်း တစ်စုံတစ်ခုကို စဉ်းစားနေ​၏။ ဒါကအမြဲတမ်း သူက တိမ်တွေထဲကို ဦးဆောင်လမ်းလျှောက်နေသည့် ပုံစံလေးနဲ့တူသည်။

​စကားလုံးတွေနဲ့ ဥပဒေစာတွေကို ပြန်လည်အမှတ်ဖော်နေတာလဲ ဖြစ်နိုင်သည်။

အရှေ့လမ်းမ​၏ ဘေးဘက်တွင် ရေအိုင်တချို့ရှိနေခဲ့ရာ ဖြတ်သွားသည့်အချိန်တွင် သူ ဖြေးဖြေးပဲမောင်းလိုက်သည်။

ကျုံးကျင်းက မျက်လုံးများပိတ်ကာ အနားယူနေခဲ့ပေမယ့် ကားရဲ့အရှိန်က ရုတ်တရက်ထိုးကျသွားခဲ့သည်။ သူသိချင်စိတ်ဖြင့် မျက်လုံးဖွင့်ကြည့်မိရာ ချင်ဝေ့ဟော်က အရှိန်လျှော့ပြီး ရေဗွက်အိုင်ကို ဖြတ်နေတာကို မြင်လိုက်ရ​၏။ ရေကလဲ စင်မသွားခဲ့ပေ။

အရင်တစ်ခေါက်ကတော့ မော်တော်ဘုတ်လိုတောင် စင်သွားခဲ့တာပါ။ ဒီကလေး ပင်ကိုစရိုက်တွေများ ပြောင်းသွားတာလား?

ဒီနေ့ ချင်ဝေ့ဟော်က အလွန့်အလွန်ကို တိတ်ဆိတ်စွာ မောင်းနေခဲ့သည်။ကျုံးကျင်းကသူ့ကို အကြိမ်ပေါင်းများစွာမေးခွန်းထုတ်နေခဲ့သော်လည်း သူကတော့မကြားပေ။ တစ်ခဏအကြာမှ သူကမေးလာသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now