အပိုင်း ၁၂ (Z/U)

Start from the beginning
                                    

"စိတ်မရှိပါနဲ့ ဒီကောင်လေးက အခုတလော စိတ်ဆက်နေလို့ပါ ဒါနဲ့ ဘယ်သူနဲ့တွေ့ချင်လို့လဲ"

ထိုအမျိုးသမီးက ထိုသို့​ပြုံးပြလာသော်လည်း ထိုသူ၏မျက်လုံးထဲတွင်ရှိနေသောဝမ်းနည်းရိပ်တစ်စွန်းတစကိုတော့ သွေးမြင်ဖြစ်အောင်မြင်လိုက်ရလေသည်။သွေးက ထိုအမျိုးသမီးကိုကြည့်ရင်း ပြန်ပြုံးပြကာ ပြောလိုက်လေသည်။

"ကျွန်တော်က တိုးဆိုတဲ့သူနဲ့ လာတွေ့တာပါ ကြည့်ရတာ ခင်များက သူထင်တယ်"

"ဟုတ်ပါတယ် ဘာကိစ္စများလဲ"

"တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော့်နာမည်က သွေးမဟော်ပါ အဲ့လောက်ဆို ကျွန်တော်ဘယ်သူမှန်း အန်တီတိုး သိလောက်ပြီပေါ့"

သွေးပြောလိုက်တော့ ထိုအမျိုးသမီးရဲ့ ပြုံးနေတဲ့မျက်နှာလေးက ညိုးငယ်သွားလေသည်။ထို့နောက်သွေးကိုကြည့်ကာ ပြောလာလေသည်။

"အဲ့တာဆို မင်းက မောင်.... အင် ကိုမဟော်ရဲ့ သားဆိုသူလား တိုးကိုဘာကြောင့်တွေ့ချင်ရတာလဲ"

ထိုအမျိုးသမီးက ထိုသို့မေးလာသော်လည်း ဘေးနားတွင်ရှိနေသော ထိုကောင်လေးကတော့ ဒေါသတကြီး ပြောလာလေသည်။

"လက်စသက်တော့ မင်းက မမတိုးကိုစိတ်ဆင်းရဲအောင်လုပ်တဲ့သူရဲ့သားကို သူကဘာလာလုပ်ရမှာလဲ ဟိုမိန်းမလို့ပဲ မမတိုးကို လာပြီး ပြသာနာရှာအပစ်တင်ပြောဆိုမလို့နေမှာပေါ့  လိမ်ညာတဲ့သူက ဟိုလူကြီးပဲကို မမတိုး သူနဲ့ မတွေ့နဲ့နော် မမတိုးစိတ်ဆင်းရဲရလိမ့်မယ် မောင်းထုတ်လိုက်"

သွေးက ထိုကောင်လေးကို စကားပြန်မပြောတော့ပဲ ထိုအမျိုးသမီးကိုပဲ ကြည့်ကာ ပြောလိုက်လေသည်။

"ကျွန်တော်ပြသာနာရှာဖို့ လာတာမဟုတ်ပါဘူး ဒီတိုင်း အန်တီတိုးကိုတွေ့ကြည့်ပြီး စကားလေးနည်းနည်းပြောချင်လို့ပါ ကျွန်တော်တကယ်ပဲ ပြသာနာလာရှာတာမဟုတ်ပါဘူး"

သွေးစကားကိုကြားတော့ ထိုကောင်လေးက ထပ်ပြောလာလေသည်။

"အဲ့စကားနည်းနည်းက ဘာအကြောင်းတွေပြောမလိုဆိုတာ ငါမသိဘူးလိုထင်နေလား မမတိုးသူ့ကိုမောင်းထုတ်လိုက် သူက ဟိုလူကြီးရဲ့သားလေ ဘာပဲဖြစ်ဖြစ်အဝင်မခံနဲ့"

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now