အပိုင်း ၁၂ (Z/U)

Start from the beginning
                                    

"အခုချိန်မမတိုးက ဘယ်သူနဲ့မှမတွေ့ချင်နေဘူး မင်းပြန်လိုက်တော့"

သွေး တွေးမိသည်။ဉီးမဟော် နေ့တိုင်းအိမ်သို့စိတ်ပျက်လက်ပျက်ပြန်လာသည်မှာ တိုးဆိုသည့်သူကြောင့်မဟုတ်လောက်ပဲ သွေးရှေ့တွင် ရပ်နေသော ဒင်းကြောင့်ပိုဖြစ်ပါလိမ့်မည်။ထိုကောင်လေးက ဉီးမဟော်တင်မကဘူး အိမ်လာတဲ့သူတိုင်းကို ပြောဆိုပြီးနှင်ထုတ်နေသလားဟုတောင်ထင်နေရပါသည်။သွေးက ထိုကောင်လေးကို စိတ်တိုသွားသလိုနဲ့ပြောလိုက်သည်။

"မင်းက မင်းအိမ်လာတဲ့ဧည့်သည်တိုင်းကို အဲ့လို နှင်ထုတ်တတ်တာလား မင်းလူမှုရေးနားမလည်ဘူးလား"

သွေးထိုသို့ပြောနေရင်း ကိုခန့်လေး ကိုသတိရမိသွားသည်။ကိုခန့်လေးသာဆို သွေးအရှေ့ကတစ်ယောက်နဲ့တခြားစီ ဘယ်လောက်တောင်မှ နူးညံ့ပြီး ချစ်ဖို့ကောင်းလိုက်သလဲ။လူတစ်ယောက်ကို အော်ဖို့မပြောနဲ့ အသံကျယ်ကျယ်နဲ့တောင်စကားကို မပြောဖူးဘူး။သွေး​ထိုသို့ပြောလိုက်တော့ ထိုကောင်လေးက ထပ်ပြောလာလေသည်။

"ငါဘာသာ ဘာလုပ်လုပ် မင်းနဲ့ ဘာဆိုင်လို့လဲ မကျေနပ်ရင်ထွက်သွား"

"မင်းက ကိုယ်အိမ်လာတဲ့ဧည်သည်ကို တော်တော်ဧည့်ဝတ်ကျေတာပဲ"

သွေးနဲ့ ထိုကောင်လေး စကားများနေတုန်း သွေးခုနက တွေ့လိုက်တဲ့အမျိုးသမီးက သွေးတို့အနားရောက်လာပြီး  စကားပြောလာလေသည်။

"ဝေယံလေး ဘာဖြစ်နေတာလဲ အိမ်ကို လာတဲ့ဧည့်သည်ကို အဲ့လိုမပြောရဘူးလေ"

"မမတိုး အဲ့လိုအိမ်ကိုလာတဲ့ဧည်သည်တစ်ယောက်က အစပြုလို့ပဲ အခုမမတိုး စိတ်ဆင်းရဲနေရတယ်မို့လား"

ထိုအခါ တိုးက မနိုင်သလိုနဲ့ ဝေယံ့ကိုကြည့်ရင်း ပြောလေသည်။

"အဲ့လိုဆိုတိုင်း လူတိုင်းကို အဲ့လိုဆက်ဆံလို့မဖြစ်ဘူးလေဝေယံလေးရဲ့ ကဲပါ မမတိုး မေးကြည့်ပါအုံးမယ် ဟုတ်ပီလား"

ထို့နောက် ထိုအမျိုးသမီးက သွေးကိုကြည့်ကာ နူးညံ့ကြည်လင်တဲ့အပြုံးကိုပြုံးပြရင်း ပြောလာလေသည်။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now