“သွားမယ်လေ.... အ့ဆို သားကိုပေးခြင်းက”

“ရတယ် အမေပဲသယ်မယ် သားကလမ်းဖြေးဖြေးလျှောက်”

“ဟုတ်ကဲ့”

ရှောင်းဟုန်အမေ့နောက်လိုက်ပြီးသာအိမ်ပြန်လာခဲ့လိုက်သည်။ထူးဆန်းတဲ့လူတွေနဲ့တွေ့ခဲ့သည့်အကြောင်းကိုတော့ ပြောပြမနေတော့ သူ့အမေကိုစိတ်ပူအောင်မလုပ်ချင်.. ။

**********

ရှဲ့ဟန်တို့တောထဲသို့မရောက်လာခင်နန်းတော်မှာတော့

“အရှင်ပြောချင်တာက မကြာသေးခင်က ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်ခဲ့တယ် ပြီးတော့ အမျိုးသားတစ်ယောက်နဲ့တွေ့ ဆုံခဲ့တယ်”

“ကျန်သေးတယ် သူနဲ့ အတူနေခဲ့မိသေးတယ် ”

မျက်နှာကြီးနီရဲကာ ပြောတဲ့ သူတို့ရဲ့ ဧကရာဇ်ကြီးကို ဘယ်သူမှမရီရဲကြ စစ်မက်ရေးရာမှာဖြတ်ထိုးဥာဏ်ကောင်းသလောက်အိပ်ရာပေါ်က ကိစ္စတွေကိုစိတ်မ၀င်စားတဲ့ဧကရာဇ်ပင် မိဖုရားဆိုတာလဲ မရှိသလို ဘာအသုံးတော်ခံမှလဲ မရှိပေ။

“နည်းနည်းတော့ ထူးဆန်းတယ် အရှင်... ကျွန်တော်မျိုးအရင်က ကျွန်တော့်အဘိုးပြောဖူးတာတော့ကြားဖူးတယ် ”

“ပြောပါအုံး ”

ရှဲ့ဟန်စိတ်ဝင်တစားနှင့် သူရဲ့ကိုယ်ရံတော်ပြောမည့်စကားကိုစူးစိုက်နားထောင်နေလိုက်သည်။

“ဒီကနေဝေးလံတဲ့တောတွင်းထဲကတစ်နေရာမှာ အိပ်မက်ကနေဖူးစာရှာပြီးတွေ့နိုင်ကြတဲ့ လူမျိုးတစ်စုရှိတယ်တဲ့ ဒါကသူတို့နတ်ဘုရားလမ်းပြမှုနဲ့ တဲ့ ”

“အော်.... ထူးဆန်းတယ်နော် ”

“ဟုတ်ပါတယ်အရှင်”

“ဒါဆိုသူ့ကိုရှာတွေ့နိုင်မဲ့ ငါကိုယ်တော်ပြောချင်တာ ငါကိုယ်တော်နဲ့ ဆုံခဲ့တဲ့လူနဲ့ တွေ့နိုင်ဖို့ နည်းလမ်းများရှိမလား”

“ကျနော်မျိုးကြားဖူးတာတော့ မကြာခင်မှာနတ်ဘုရားတွေရဲ့ လမ်းပြမဲ့အတူတွေ့ဆုံပါလိမ့်မယ် ”

“ငါကိုယ်တော်စောင့်ရမဲ့ အလုပ်မကြိုက်ဘူး ကိုယ်တိုင်ထွက်ရှာတာပေါ့ ”

(ငါ့ခင်ပွန်းကဆိုးသွမ်းတဲ့ဧကရာဇ်ဖြစ်နေတယ်)Donde viven las historias. Descúbrelo ahora