"အော်....တော်သေးတာပေါ့ "

ဒါပေါ့ လိမ်လိုက်တော့မယ် ကိုကို မျက်ဝန်းတွေကတစ်ခုခုဖြစ်ခဲ့မှာ အလွန်စိုးရိမ်နေတယ့်မျက်ဝန်းဖြစ်နေတယ် သိပါတယ် မဖြစ်နိုင်ဘူးဆိုတာတွေကို...

Robot A ရောက်လာခဲ့သည်။

"Mr.Min ခြံရှေ့မှာ ရောင်စဥ်ဧည့်သည်ရောက်နေပါတယ် "

"ဟင်...."

ရောင်စဥ် ပြူးကျယ်သွားတဲ့မျက်ဝန်းများဖြင့် ဘယ်သူလဲ အတွေးနှင့်အတူ

"အော်...Naeun များလား "

"Naeun ဆိုတာ "

"ရောင်စဥ် သူငယ်ချင်း မိန်းကလေးပါ မနက်ကလဲ ကျောင်းကို သူကားနဲ့အတူသွားတာလေ "

"အော်...သွားတွေ့လိုက်လေ "

"အင်း...ကိုကို "

အာဏာ စိတ်ချစွာလွှတ်လိုက်တော့ခြံရှေ့သို့သွားလိုက်သည်။ အာဏာ ဧည့်ခန်းဝယ်
ခဏထိုင်နေရင်း နောက်ဆုံးသူပြန်ဝင်လာသည်။

အာဏာ က ရောင်စဥ်ဆီသို့ လှည့်ကြည့်လိုက်တော့ မျက်မှောက်ကြုံမိသွားသည်။

အကြောင်းရင်းမှာ
ရောင်စဥ် တစ်ယောက်လက်ဝယ် ပန်းစည်းတွေ လက်ဆောင်ဘူးအချို့နဲ့ Chocolate ဘူးတွေ မနိုင်မနင်း သယ်လာသည်ကိုမြင်လိုက်သည့်အတွက်ပင်။

"ဒါတွေက ဘာလဲ ရောင်စဥ် ....ဝယ်ထားတာလား "

"မဟုတ်ပါဘူး....ကျောင်းက ဘယ်သူတွေလဲမသိဘူး....ရောင်စဥ် စားပွဲမှာထားထားတာ.."

အာဏာ ခေါင်းတစ်ခုလုံး မီးတောင်ပေါက်ကွဲသလိုခံစားလိုက်ရသည်။ အာဏာ စူးရှတဲ့အကြည့်များနဲ့ လက်ဆောင်ဘူးတွေကြည့်နေခဲ့သည်။

အလိုက်မသိတဲ့ ကိုယ်တော်ချောလေးက

"ဒီမှာကြည့်ကိိုကို စာတောင်ပါသေးတယ် အချို့ဘူးတွေမှာ "

အာဏာက ထိုစာကိုယူကာ ဖတ်လိုက်သည်။

"My Dear Love..... what the f**k"

အာဏာ ပေါက်ကွဲစွာ ဆဲလိုက်တော့ရောင်စဥ်ပါလန့်သွားခဲ့သည်။

"ကိုကို...ဘာဖြစ်လို့လဲ "

"ရောင်စဥ် အဲ့တာတွေ လွှတ်ပြစ်လိုက်"

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now