ငင့်....ငါလေးဘဝက မသာယာလိုက်တာ...ကလေးမွေးပီးမှပဲ စဥ်းစားတော့မယ်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

စက် ရုံးရောက်တော့ အလုပ်ကိုသာ ကုန်းလုပ်နေလိုက်တယ်။ စိတ်ကတော့ အိမ်မှာကျန်ခဲ့သူဆီသာ....

နှောင်းကို သူမမုန်းပါ။ အိုမီဂါ ဖြစ်နေ၍သာ ငြင်းဆန်နေခြင်း။ ဒီအကြောင်းပြချက်ကြောင့် သူများအတွက်ရီစရာ ဖြစ်ချင်ဖြစ်မယ် သူ့အတွက်ကတော့ မဟုတ်ခဲ့ပါ။

သူအလယ်တန်းနှစ်က သူ့အဖေနဲ့ အမေ အကြီးအကျယ် ရန်ဖြစ်ခဲ့တာ...အဖေနဲ့အမေက စီးပွားရေးအရသာ လက်ထပ်ခဲ့တာ တစ်ယောက်နဲ့ တစ်ယောက်လုံးဝမချစ်ပါ။ သူ့ကိုမွေးလာတော့လည်း ဂရုမစိုက်ခဲ့.....အထူးသဖြင့် အမေဆိုသူပေါ့.....အမေက အိုမီဂါ တစ်ယောက်ဖြစ်သလို ငယ်ရွယ်သေးလို့ သူ့ကိုလာပိုးပန်းသူတွေများသားရယ်။

တစ်နေ့ အဖေနဲ့အမေ ရန်ဖြစ်တော့ အမေက အိမ်ပေါ်ကဆင်းသွားခဲ့တာ။ သူတွေ့လိုက်ရတယ်....အမေ အိမ်ကဆင်းတော့ သူ့ကို တခြားဦးလေးကြီးတစ်ယောက်ကခေါ်သွားတာ ။ အဖေပြောတာတော့ အမေက ဖောက်ပြန်နေတာတဲ့။ အဲ့နေ့ကစပီး အဖေလည်း အလုပ်တွေဖိလုပ် ခဲ့သလို သူလည်းအိုမီဂါတွေဆို ပိုလို့တောင်ရွံသွားသေးတယ်။

အဖိုးကတော့ သူ့အပေါ် အလွန်ကောင်းသူပေါ့။ အမေနဲ့အဖေကွဲတော့ သူ့ကိုပဲစောင့်ရှောက်ခဲ့တာ။ ခု သူ့အိမ်ထောင်ဖက်ကိုလည်း ဘီတာကောင်မလေး ရွေးပေးခဲ့တာပဲကြည့်။

အမှန်တော့ နှောင်းရဲ့ကိုယ်ဝန်က သူနဲ့ရတာပါ။ ဘာလို့ဆို အဲ့နေ့ညက သူ ......

Flash Back>>>

'' နှောင်း....နှောင်းသံသရာ..... ဟင်....ဘယ်လိုလုပ်မလဲ လုံးဝခေါ်မရတော့ဘူး''

''မင်းတို့ သူ့အိမ်ကိုသိလား ''

စက်နဲ့ မိုးယံလည်းခေါင်းခါလိုက်တယ်။

''သူ့ကို ဒီအနီးနား ဟိုတယ်ပဲခေါ်သွားလိုက်ရအောင်....ဘယ်သူထမ်းလာမလဲ''

''ဟင်း...အဲ့လိုပဲလုပ်ရတော့မှာပေါ့.....ဘယ်နှယ့် အိုမီဂါ ဖြစ်ပီး ပေါ့ဆလိုက်တာ ငါတို့တက်လုပ်သွားတောင် သိမဲ့ပုံမပေါ်ဘူး''

Soulmates (Completed)Onde histórias criam vida. Descubra agora