ဂျေးလည်း ထိုင်ခုံက ထကာ ကုတ်အကျီကို ယူပြီး ဆေးရုံက်ု ထွက်လာခဲ့သည်။
အိမ်မှာတစ်ယောက်ထဲ ထားခဲ့ရသည့် ဂွန်းကို စိတ်ကမချနိုင်။ စဉ်းစားကြည့်ရင် သူလည်း အရွယ်ရောက်ယောကျာ်းတစ်ယောက်ဘဲ ဆိုးရိမ်စရာတော့မရှိပါဘူးလေ ဆိုပြီး ဆေးရုံကိုသာ မြန်မြန် ထွက်လာလိုက်သည်။
ဆေးရုံရောက်တော့ ဆရာဝန်ရဲ့ အခန်းကို တန်းသွားသည်။
" ဆရာ ကျွန်တော် ဂျေးပါ ဆေးလာယူတာပါ "
" ဝင်ခဲ့ သား "
အခန်းထဲက ဆရာ့ရဲ့ ဝင်လာခိုင်းတဲ့ အသံကြားတာနဲ့ ချက်ချင်းဆိုသလို တံခါးဖွင့်ပြီး ဝင်သွားသည်။
" ခဏထိုင်အုန်းနော် သား ဆရာ ပြောစရာရှိတယ် "
ဂျေးကို ထိုင်ဖို့ပြောပြီး စားပွဲပေါ်က အညိုရောင်စာအိတ်တစ်အိတ်ကို သွားယူတာကို တွေ့လိုက်သည်။
စာအိတ်က ပုံမှန် စာထည့်တဲ့အိတ်မဟုတ်ဘဲ ဓာတ်မှန်ရိုက်ထားတဲ့ပုံတွေ ထည့်တဲ့ စာအိတ်ဖြစ်နေသည်။
ဂျေး နားကို ဝင်ထိုင်လိုက်ပြီး စာအိတ်ထဲက ဂျေးထင်ထားတဲ့အတိုင်း ဓာတ်မှန်ရိုက်ထားတဲ့ တစ်စုံတစ်ယောက်ရဲ့ ဦးခေါင်းပုံကို ထုတ်ပြသည်။
" ဆရာ ဒါက.... ?! "
" ဒါက ဆောင်းဟွန်းရဲ့ ဦးနှောက်ဓာတ်မှန်ပုံ ဒီနားမှာ အလုံးလေးတွေ့လား "
ဆရာက ဂျေးမြင်အောင် ဓာတ်မှန်ထဲက နေရာတစ်ခုကို ထောက်ပြသည်။
" ဟုတ် "
" အဲ့တာက ဆောင်းဟွန်း ဦးနှောက်ထဲမှာရှိနေတဲ့ အကြိတ် "
" ဗျာ ဟွန်းမှာ ဦးနှောက်အကြိတ်ရှိနေတယ်!!! "
ကြားလိုက်ရတဲ့ စကားက ဂျေးလုံးဝမထင်ထားခဲ့တဲ့ ဟာဖြစ်သလို တစ်ခါမှလည်းတွေးခဲ့ဖုးတဲ့ အရာမဟုတ်ခဲ့။
ဒါဆို ဟွန်းရဲ့အမေရော သူ့ရဲ့အမေရော ဟွန်းကော်က သူ့ကို လိမ်ထားကျတာပေါ့။
ဘာလို့လဲ ဘာ့ကြောင့်လဲ ဒီလိုကိစ္စမျိုးကိုမှလဲ!!!
ရင်ထဲ အဆုံးမရှိတဲ့ ဒေါသတွေ ဝမ်းနည်းမှုတွေဟာ လှိုက်တက်လာပြီး မျက်ဝန်းကနေ မျက်ရည်တွေစီးကျလာသည်။
![](https://img.wattpad.com/cover/289869117-288-k679209.jpg)