ချင်ဝေ့ဟော်က သူမကို တစ်ချက်ကြည့်လာပြီး လျှောက်လာကာ သူမလက်ထဲမှကြိုးကိုယူလိုက်၍ နောက်ဆုံးမှာတော့ ကူပေးရန် ဆန္ဒပေါ်လာခဲ့လေသည်။

ထန်ဇစ်က ခေါင်းငုံ့ချထားတဲ့ ချင်ဝေ့ဟော်ရဲ့ဘေးတိုက်မျက်နှာကို ကြည့်နေမိသည်။

ချင်ဝေ့ဟော်ရဲ့ ဒီရှု့ထောင့်ကတကယ်ကို အကြိမ်ပေါင်း 10,000လောက် တရားမဝင်ဘူး!! သူက မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားအတွက် အရမ်းလွန်လွန်းနေတယ်! ဒါက အပူအပင်ကင်းတဲ့မိန်းမတစ်ယောက်ကို နှိမ့်ချပြီး နူးညံ့သွာအောင်ပြုမူစေရန် လုပ်နေသကဲ့သို့ပင်။

"ကျေးဇူးပဲ."

ချင်ဝေ့ဟော်က သူ့ခေါင်းကို မော့မလာခဲ့။ အလွန်ထူလှသောကြိုးက သူ့ရဲ့ကျယ်ပြန့်တဲ့လက်မှာ ရစ်ပတ်ထားပြီး အထုံးဖြစ်ဖို့အားသုံးကြိုးပမ်းနေခဲ့သည်။ ချင်ဝေ့ဟော်က သူ့လက်ထဲက ကြိုးကိုသာကြည့်နေခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်ပေါ်ကိုတော့တစ်မီလီမီတာမျှအကြည့်မရောက်လာခဲ့ပါချေ။

"ငါလုပ်တာကိုကြည့်နေ! နောက်ကျ ဒါမျိုးအရာတွေနဲ့ မင်းကို မကူညီရစေနဲ့ "

"အိုး နင်က ရှက်နေတာပဲ," ထန်ဇစ်ပြောလိုက်သည်, "ငါက မိန်းကလေးဖြစ်ပြီးတောင် မရှက်ဘူး",

ထို့နောက် သူမကပြောသည်,"ဘာလို့ နင့်အဝတ်ကို အပေါ်မ,မ,တာလဲ?ငါ့ကို နင့်သိုင်းကြိုးစစ်ခိုင်းလေ? "

"မလိုဘူး။ ငါ့သိုင်းကြိုးမှာ ပြဿနာမရှိဘူး."

ထန်ဇစ်က ခါးသက်စွာပြောလိုက်သည်,"ဒါပေမယ့် ဒါက စစ်ဆင်ရေးရဲ့ စည်းမျဉ်းတွေနဲ့ မညီဘူး။."

ချင်ဝေ့ဟော်က ကာကွယ်ရေးကြိုးနဲ့ တွဲလိုက်ပြီး ကြိုးကို အားကောင်းစွာ ဆွဲချည်လိုက်သည်, "ငါကဒီစစ်ဆင်ရေးရဲ့စည်းမျဉ်းပဲ."

ထန်ဇစ်မှာ ချင်ဝေ့ဟော်ရဲ့ တစ်ကြိမ် ဆွဲယူလိုက်တာက သူမတစ်ကိုယ်လုံးကို ဆွဲယူသွားသလို ခံစားလိုက်ရသဖြင့် "အိုး!အိုး!"ဟု အသံထွက်သွား​၏။

ထိုအခါ ချင်ဝေ့ဟော်က သူမကို မျက်မှောင်ကြုတ်ကြည့်လာသည်။

ထန်ဇစ်က ပြုံးလိုက်ပြီး သူမဗိုက်ကိုဖိကာ ပြောလိုက်မိည်, "ညစာစားတာ နည်းနည်းများသွားလို့."

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now