အခန်း(၁၀)

Start from the beginning
                                    

"ဒါက လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကမှ ဖြစ်လာတာ။ အဲ့ဒီအချိန်တုန်းက ငါ ခွဲစိတ်မှုလုပ်ရမယ် ဆိုတာကို မသိသေးဘူး။ ဒါပေမယ့်အခုတော့ ခွဲစိတ်မယ့်ကိစ္စကို နောက်ရွှေ့ရမယ် ထင်တယ်.."

အယ်လ်ဖာက ကျောက်ရုပ်ကြီးသဖွယ်မှင်တေနေပြီး ဘာစကားမှ ပြန်မပြောတော့။

'မဟုတ်မှ တက္ကသိုလ်တက်တုန်းက စိတ်ပညာတန်းမှာ သူ အိပ်ပျော်နေခဲ့တာလား။ အိုမီဂါတစ်ယောက်က ဆယ်ရက်လောက်နဲ့ ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရှိနိုင်မှာလဲ။ သူ့ ဗိုက်က ပူတောင် ပူနေတယ် ' လို့တောင် ပြောလိုက်သေး။ '

"မင်း သေချာရဲ့လား. " အယ်လ်ဖာက မယုံမကြည်နဲ့ ယန်ယိကို ထပ်မေးလိုက်သည်။

"မင်း ဘေးမှာ တစ်ယောက်ယောက်ရှိနေရဲ့လား။ အရင်က ပြင်းထန်တဲ့အခြေအနေဖြစ်နေတုန်းကတောင် ဂရုစိုက်ပေးမယ့်သူ ဘယ်သူမှ မရှိခဲ့ဘူး ...။ မင်းကို မုန့်ပေးဖို့အတွက် ကြိုးစားပမ်းစား အဝေးကြီးကနေ လာခဲ့တဲ့သူဆိုရင်တောင် ငါပဲ ရှိတာလေ။ "

အယ်လ်ဖာက စကားပြောနေတာကို ရပ်လိုက်သည်။ သူ့စိတ်ထဲမှာ ဒီယုန်လေးအပေါ် အမှားလုပ်မိမှာကို ကြောက်နေသည်။

လူနာဆောင်မှာ ရှိနေခဲ့တုန်းက အယ်လ်ဖာက ယန်ယိကို တစ်ညလုံး ပွေ့ဖက်ထားပေးပြီး ယန်ယိအဖို့ နည်းနည်းလေး ပိုသက်သာလာစေဖို့အတွက် ဟော်လ်မုန်းတွေထုတ်ပေးကာ ဂရုစိုက်ပေးခဲ့သည်။

ဒါပေါ့ သူ့ရဲ့ စွန့်လွှတ်ရည်စူးခြင်းတွေက ယန်ယိရဲ့ ဟော်လ်မုန်း အပေါ် စွဲလမ်းနေတာကြောင့်ပင်။

ယန်ယိနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် စတွေ့ခဲ့တဲ့ ဓာတ်ဆီဆိုင်မှာကတည်းက အယ်လ်ဖာက သွေးဆောင်ဖျားယောင်းခြင်း' လို့ ခေါ်တဲ့ ဆွဲဆောင်မှုတစ်ခုကို ခံစားခဲ့ရပြီး သူတို့က သိပ်ပြီးတော့မှ ကိုက်ညီလိုက်ဖက်မှု ရှိနေခဲ့သည်။

ဒီနားရွက်ကျယုန်လေးမှာ အမှတ်အသားမရှိနေသ၍ ကမ္ဘာပေါ်မှာရှိတဲ့ အယ်လ်ဖာမှန်သမျှက သူ့ကို ပိုင်ဆိုင်ရဖို့ ပိုးပန်းကြမှာပဲလေ ... သူက သိပ်ကိုလှပြီး ဆွဲဆောင်မှုရှိလွန်းနေတာကိုး။'

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Where stories live. Discover now