တချိန်တည်းမှာပဲ ထူးဆန်းတဲ့ ကောင်လေး တစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာတယ်။

ထိုအခါမှသာ ကျန်းဝမ်ရွှီတစ်ယောက်
ဘတ်စ်ကတ်ဘောကွင်းထဲ သို့ မသိစိတ်ဖြင့် လျှောက်ဝင်လာမိတာကို သတိရတယ်။ သူက ကောင်လေးကို တချက်ကြည့်လိုက်တဲ့အခါ သူအထက်တန်းကျောင်းတုန်းက အတန်းတူ တူ တက်ခဲ့သူဖြစ်ပေမယ့်
နာမည်ကိုတော့ သူမမှတ်မိတော့ဘူး။

" အခုက ပန်းချီဆွဲပြီးလို့ ထွက်လာတာ"

"ဟုတ်ပြီ..ဒါဆို နောက်တစ်ပွဲကျမင်းဝင်လိုက်တော့"

"ဟုတ်ပြီ"

ကျန်းဝမ်ရွှီ က ဘောလုံးကို ကောက်ယူပြီး
ကောင်လေးဆီသို့ ပစ်လိုက်တယ်၊ထို့နောက် ကောင်လေးက အမြန်ယူပြီး အသင်းရှိရာသို့
ပြေးသွားကာ နောက်တပွဲအား စတင်ဖို့
အသင့်ရှိနေတယ်။

ထွက်သွားတဲ့ကောင်လေးရဲ့ ကျောပြင်ကို ကျန်းဝမ်ရွှီ ငေးကြည့်နေပြီး ရုတ်တရက်
အတိတ်တွေကို ပြန်သတိရမိတယ်၊ သူအထက်တန်းကျောင်းတက်စဥ်ကဘတ်စ်ကတ်ဘော ကစားခြင်းကို နှစ်သက်သော်လည်း ဟယ်ကျစ်ရှုကတော့ ဆိတ်ငြိမ်မှု ကို နှစ်သက်တဲ့ ကောင်လေး တစ်ယောက်ဖြစ်တယ်။ ထို့ကြောင့် ထိုကဲ့သို့သော အားကစားတွေကို ပါဝင်ရန် မနှစ်သက်ဘူး၊ ကျန်းဝမ်ရွှီ ကျောင်းတက်နေစဥ် မကြာခဏကစားခဲ့ပေ
မယ့် အထက်တန်းကျောင်း ပြီးတဲ့အခါ
အချိန်မရတော့ဘူး၊။ သူကစားတိုင်း
ဟယ်ကျစ်ရှုက စာအုပ်လေး တစ်အုပ်နှင့်အတူ အမြဲတမ်း ငေးကြည့်ပေးနေခဲ့တယ်။

အခုပြန်တွေးကြည့်မယ်ဆိုအဲ့လို မြင်ကွင်းလေးက အရမ်းလှတယ်။

ကျန်းဝမ်ရွှီ အသင်းဆီ ပြန်သွားတဲ့ ကောင်လေးကို လိုက်ကြည့်နေရာမှ ထို အုပ်စုထဲမှာ
သူဆယ်နှစ်ထက်မကနှလုံးသားထဲမှစွဲစွဲနစ်နစ် ချစ်ရတဲ့ သူ့ရဲ့ ချစ်ရသူလေးကို
သူတွေ့ လိုက်ရတယ်။

ထိုကောင်လေးကဟယ်ကျစ်ရှု ဖြစ်တယ်။

မင်းအခုလို ဘတ်စ်ကတ်ဘော ကစား
တတ်တယ်ဆိုတာကိုငါအရင်ကဘာလို့
မသိခဲ့ရတာလဲ။

ကျန်းဝမ်ရွှီ ဟယ်ကျစ်ရှုကို ငေးကြည့်
နေမိရင်း သူ့ မျက်လုံးတွေမှာ ဝမ်းနည်းမှုတွေပြည့်လာရာမှ မျက်လုံးတွေပင်နီရဲလာတယ်၊
မျက်ရည်မကျစေရန် သူ့ကိုယ်သူ ထိန်းနေပေမယ့် သူ လုံးဝ ထိန်းချုပ်လို့မရတော့ဘူး။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now