မသိစိတ်<3

640 83 24
                                    

Harryခေါင်းနဲနဲ့မူးနေတော့ ခေါင်းကို အောက်စိုက်ပြီး လမ်းလျှောက်လာခဲ့တယ်။

အဲ့ချိန်....

"ဘုတ်....."

"အ့"

Harryလူတစ်ယောက်ရဲ့ရင်ဘက်နဲ့ဝင်တိုက်မိကာ...စာအုပ်တွေပါပြုတ်ကျ:')

"ဟိတ်ကောင်လေးအဆင်ပြေရဲ့လား"

Harryခေါင်းကနာနေလို့ပွတ်ရင်းအသံကြားရာမော့ကြည့်လိုက်ရာ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ ရုပ်ချောချောကြီးအကိုကြီးတစ်ယောက်.....

"ဟိတ်ချာတိတ် အဆင်ပြေရဲ့လားလို့"

"အော်...ဟုတ်..ဟုတ် အဆင်ပြေပါတယ်
အကိုရော ကျွန်တော်မကြည့်ပဲဝင်တိုက်မိတာ ဆောရီးပါအကို"

"ရပါတယ်ကွာ ကိစ္စမရှိပါဘူး, ဒါနဲ့နာမည်က??"

"ကျွန်တော်က Harry Potterပါဗျ,
4th yearကပါ"

Harryပြန်ဖြေလျက်

"အကိုက Cedri Diggoryပါ, 6th yearကပါ"

"ဟုတ်ကဲ့အကို"

"အဲ့တာဆို အကိုသွားတော့မယ်နော်,နောက်တစ်ခါတွေ့ရင်လည်း ခေါ်နော်"

"ဟုတ်ကဲ့ပါ အကိုDiggory"

"အိုးးး....ရင်းရင်းနှီးနှီး Cedricလို့ပဲခေါ်ပါ Harry"

"ဟုတ်ကဲ့ အကိုCedric,ကျွန်တော်သွားပြီနော်"

Harryလည်းCedricအား ခေါင်းညှိမ့်ပြကာ သူကိုယ့်သူနမော်နမဲ့နိုင်ကြောင်း အပြစ်တင်းရင်း အဆောင်အခန်းသို့ပြန်ထွက်လာသည်။

Harryအဆောင်အခန်းရှေ့သို့ရောက်ရှိကာ အခန်းတံခါးအားဖွင့်ဝင်လိုက်တော့ Dracoအား ထိုင်ခုံပေါ်တွင် ထိုင်နေသည်ကိုတွေ့လိုက်ရသည်။

"Malfoy....မင်းအတန်းမတတ်ဘူးလား"

"ငါဒီညနေအတန်းမရှိဘူး မင်းကျတော့ကော ဘာလဲနေမကောင်းပြန်ဘူးလားးး"

"ကောင်းနေပါပြီ နည်းနည်းခေါင်းမူးချင်နေလို့"

"အဲ့တာကြောင့်အတန်းမတတ်ပါနဲ့လို့ပြောတာကို မင်းကစကားနားမထောင်ဘူး Potter!!!"

"......"

Dracoတစ်ယောက် Harryကိုအော်ဆူမိသလိုဖြစ်သွားသည်။

Draco*POV* ငါကဘာလို့သူ့ကိုစိတ်ပူနေတာလဲ ပြီးတော့ဘာလို့အော်ဆူနေတာလဲ ငါဘာဖြစ်နေတာလဲကွာ....!!!

Dracoတွေးလိုက်ရင်း တိတ်ဆိတ်နေသည့် အခိုက်အတန့်ကို စကားစရင်း ဖြိုခွင်းလိုက်သည်........

"ထားပါ...မင်းအတွက်ငါထမင်းပေါင်းလုပ်ထားတယ် သွားစားလိုက်"

"မင်းကော?"

Harryပြန်မေးလိုက်ရင်း.....

"ငါလဲခုမှစားမှာ စကားမများနဲ့ လာဟ"

"အင်းး"

နှစ်ယောက်သား မီးဖိုချောင်က ထမင်းစားပွဲရှိရာသွားကာ ကျကျနနထိုင်ရင်း

Harryလည်း ထမင်းစားပွဲပေါ်က ထမင်းပေါင်းကိုမြည်းကြည့်လိုက်ကာ ကောင်းသောဟန်ဖြင့် တစ်ဇွန်းပြီးတစ်ဇွန်းပါးစပ်ထဲထည့်နေတော့သည်
( A/N ငါ့အတိုင်းပဲ:') )

"ဖြေးဖြေးစားပါဟ ဒါလား နေမကောင်းတာ"

"ဗိုက်ဆာလို့ကွ"

အဲ့ချိန် Dracoက Harryကိုပုတ်လိုက်ပြီး
သူ့နှုတ်ခမ်းနားကို ထိပြလိုက်သည်။

Harryက ဘာလဲဆိုတဲ့သဘောဖြင့် ကြောင်တောင်တောင်......

Dracoလည်းစိတ်မရှည်တော့ဘဲ Harryနှုတ်ခမ်းမှာပေနေတဲ့ ဟင်းအနှစ်တွေကို သူ့လက်ဖြင့်
နူးညံ့စွာသုတ်ပေးလိုက်တော့သည်။

Harryမှာကြောင်သွားပြီး Dracoလည်းသူဘာလို့အဲ့လိုလုပ်မိလည်း ပြန်တွေးလိုက်မိသည်။
အဲ့အချိန်...

"မင်း...မင်း နှုတ်ခမ်းမှာပေ...ပေနေလို့"

"အမ်...အမ်းးး...အော် ကျေး..ကျေးဇူးပဲ"

နှစ်ယောက်သားစကားတွေထစ်ကာ....
(A/N စကားထစ်တာတူတာလည်း ဘာတဲ့လဲ ဒါဒါတို့???🌚)

"မင်းပြီးပြီမလား ငါဆေးလိုက်မယ်"

"ရတယ် ငါဘာငါလုပ်မယ်"

"စကားမများနဲ့ ပေးစမ်းပါဟ"

Dracoလည်း Harryဆီကပန်းကန်တွေအတင်းဆွဲယူသွားပြီး ဗေစင်မှာသွားဆေးလိုက်သည်။
(A/N အိမ်ထောင်ဦးစီးကြီးပေါ့)

DracoမှာHarryမဖျားခင်ညလောက်ထဲက
ညဘက်တွေအိပ်မရတာ
ခုထက်ထိပင်...
အိပ်မရခြင်းမှာလည်း
သူ့မသိစိတ်တစ်ခုကြောင့်ပင်........
_________

ဒါဒါတို့ရေ upatedကတော့ သိပ်မမှန်ဘူး ဟဲ"
တိုလည်းတိုတယ်:')
အတန်းတွေ အိမ်စာတွေပိနေလို့ပါ ဒါပေမယ့်
ဒါဒါတို့လည်း upatedလိုချင်မှာဘဲဆိုပြီး
ရသလောက် upပေးလိုက်တာ
နောက်တစ်ပိုင်းလိုချင်ရင် voteလေးတွေcmလေးတွေနဲ့ တအားတွေရေးချင်အောင်အားပေးကြပါဦး<3<3<3<3<3<3<3<3<3<3<3

°ရန်သူအဖြစ်မှချစ်သူအဖြစ်သို့°💚❤️Enemy To Valentines&lt;3Where stories live. Discover now