💚ဂရုစိုက်မှုများနှင့် ပြည့်နှက်နေခြင်း❤️

592 81 9
                                    

Harryထဖို့ပြင်လိုက်သည့်အချိန် စောင်အောက်ကိုကြည့်လိုက်တော့....

"အားးးးးးး"

Harryအင်္ကျီမှာလဲပြီးသားဖြစ်နေခြင်းကြောင့် လန့်၍အော်လိုက်ခြင်း။

"ငါ့အင်္ကျီက ဘယ်လိုဖြစ်လို့လဲထားတာလဲ။မဟုတ်မှလွဲရော....."

"ဟုတ်တယ်။ငါလဲပေးထားတာလေ....မင်းကကွင်းဒစ်ဝတ်စုံနဲ့ပြီးတော့ရေတွေလဲစိုနေတယ်လေ"

Dracoပြန်ဖြေပြီးနောက်

"အ့ဆို မင်းမြင်...မြင်..မြင်..."

"ယောင်္ကျားလေးအချင်းချင်းပဲဘာဖြစ်လဲ"

Dracoအဖြေကြောင့်Harryမျက်နှာတွေနီရဲလာကာ

"ဒါ...ဒါပေမယ့် မ..မ..တူဘူးလေ"

Harryရှက်၍ စကားတွေပါထစ်ကာ

"မင်းဒီနေ့ ပြောလို့ပြီးအုံးမှာလား,ငါမင်းအတွက်ဆန်ပြုတ်ပြုတ်ထားတယ်၊ပူတုန်းသွားစားလိုက်"

Dracoပြောတော့ Harryကုတင်ပေါ်ကထကာ မီးဖိုချောင် ဝင်မယ်အလုပ်ပြန်လှည့်ကာ Dracoရှေ့လာပြီး.....

"ငါ့...ငါ့ကိုခုလိုဂရုစိုက်ပေးတဲ့အတွက် ကျေး...ကျေးဇူးပဲ"

Dracoကပခုံးတွန့်ပြသည်။

Harryမီးဖိုချောင်ထဲပြန်ဝင်မယ်အလုပ် Harryရှေ့မှာ ရေဖိတ်ထားတာကိုမတွေ့ပဲ နင်းမိကာ ချော်လဲပြီး နောက်ပြန်လန်ကျတော့မယ့်အချိန် Dracoတွေ့သွားပြီး Harryဆီအမြန်ပြေးသွားကာ နောက်က ထိန်းပေးလိုက်သည်။

အကြည့်ချင်းစုံသွားကာ 30 secလောက်ကို တစ်ယောက်နှင့်တစ်ယောက် ငေးနေကာ အဲ့ချိန်Harryသတိပြန်ဝင်လာပြီး Dracoရင်ခွင်ထဲကကုန်းရုန်းထွက်တော့မှ....

"ကျေး...ကျေးဇူးပဲ"

ပြောကာ မီးဖိုချောင်ထဲလှည့်ထွက်သွားသည်။

စားပွဲခုံပေါ်က အုပ်စောင်းကို ဖွင့်လိုက်တော့ ပုစွန်ဆန်ပြုတ်ရဲ့အနံလေးကမွှေးလွန်းလို့ Harryပြုံးကာ ဇွန်းတစ်ချောင်းယူပြီး မြည်းကြည့်လိုက်တော့....

"ဝါးးး ဒီကောင့်လက်ရာကမဆိုးဘူးဘဲ"

ပြောပြောပြီးချင်း ခုံပေါ်ထိုင်ကာ ခေါင်းမဖော်တန်း ဆန်ပြုတ်ကိုစားနေချိန် Dracoသူ့ရှေ့လာထိုင်တာတောင် သူမသိ။

°ရန်သူအဖြစ်မှချစ်သူအဖြစ်သို့°💚❤️Enemy To Valentines<3Unde poveștirile trăiesc. Descoperă acum