သို့သော် ရှောက်ယယ်ကတော့ သူ့အား စကားနှစ်လုံးသာ ပြန်ဖြေခဲ့သည်___အလုပ်များနေတယ်။

လက်စသတ်တော့ ဒီလောက်တောင် အလုပ်များနေခဲ့တာကို။

ကျောက်ရှန့်ဟိုင်သည် ပြုံးလိုက်ပြီး မကြာသေးခင်ကတင် ပြေးထားခဲ့သော ခန္ဓာကိုယ်သည် ရုတ်တရက် အေးစက်လာသည်။

လက်ထောက်ဝမ်က သူ့အား စိုးရိမ်တကြီးနှင့် ကြည့်နေပြီး

"ဥက္ကဌကျောက်၊ အဆင်ပြေပါတယ်နော်?"

ကျောက်ရှန့်ဟိုင်၏ မျက်နှာထက်တွင် တည်ငြိမ်သော အပြုံး ပန်ဆင်ထားပြီး ခေါင်းယမ်းလိုက်ကာ

"မင်းအရင် သွားနှင့်တော့"

"ဒါဆို...."

"ညရှစ်နာရီမှ ငါ့ကိုလာကြို"

လက်ထောက်ဝမ်၏ စကားများက လည်ချောင်းထဲ နစ်မြှုပ်သွားကာ တိုးတိုးသက်သာနှင့် အင်းဟုအသံပြုပြီး မခွဲနိုင် မခွာရက်နှင့် လှည့်ထွက်သွားခဲ့ရသည်။

ကျောက်ရှန့်ဟိုင်သည် ရေချိုးခန်းထဲတွင် တိတ်တဆိတ်နှင့် ရေချိုးလိုက်ကာ ဆံပင်ကို ခြောက်အောင် လေမှုတ်ပြီး အဝတ်အစား လဲလိုက်သည်။ မျက်နှာပေါ်တွင်လည်း မည်သို့သော အမူအရာမှ မရှိဘဲ ဝမ်းနည်းသည်လည်းမဟုတ်၊ ပျော်ရွှင်သည်လည်း မဆိုသာဘဲ ခံစားချက်များ ညှပ်ထုတ်ခံထားရသည့် အရုပ်နှင့်သာ တူနေတော့သည်။

အဝတ်အစား လဲပြီးသောအခါ ကျောက်ရှန့်ဟိုင်သည် သူခုနစ်တာမျှ ဖြတ်သန်းခဲ့သည့် အိမ်ထဲတွင် လျှောက်ကြည့်နေခဲ့သည်။

သူသည် နွေးထွေးသော အရောင်အဝါရှိသည့် နံရံကပ်စက္ကူများကို ပွတ်သပ်ကာ မိသားစု ဓာတ်ပုံ ထားထားသည့် ဘီရိုကိုလည်း ပွတ်သပ်နေခဲ့သည်။ မျက်နှာကြက်မှ ဖြာကျလာသော တောက်ပ ရွှန်းစိုသည့် မီးရောင်ကို ကြည့်နေရင်း ဝင်ပေါက်မှ ဖိနပ်စင်ထဲ ထားထားသော မိသားစု သုံးယောက်၏ အမွှေးပွပွ ဆောင်းရာသီ ​အိမ်စီးဖိနပ်လေးတွေကိုလည်း ကြည့်နေခဲ့မိပါသည်.....

ဘယ်အချိန်က စတင်ပြီးများ ဒီအိမ်ကြီးက ဒီလိုအေးစက် သွားရတာလဲကွယ်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now