Part 3-2 မုဝေဝေ

827 65 15
                                    

ဖုဟန်ကျန်သည် ဝတ်စုံပြည့်နှင့်ထိုင်နေကာ မောက်မာပြီးတော်ဝင်ဆန်သည့်အရောင်အဝါထွက်နေလေသည်

သူမသည် မုဝေဝေရဲ့မှတ်ဉာဏ်ကိုလက်ခံရရှိရုံသာမက ဂုမိသားစု၏အဆိုးရွားဆုံးပြိုင်ဖက်ဖြစ်သော ဖုမိသားစု၏အကြောင်းကိုသိလေသောကြောင့် အခုလက်ရှိ သူမ၏အခြေအနေကို သူမ ကောင်းစွာသိနှင့်နေတော့သည်

သူမသည် သူတို့ ၃ ယောက်ရှေ့ရပ်နေသောအခါ ရဲအရာရှိများထံတွင် စုံစမ်းမေးမြန်းခြင်းခံရသကဲ့သို့ ခံစားနေရသည်

ဘယ်သူမှ မပြောရသေးခင် သွေးဆူလွယ်သော ဖုရှီချင် က စတင်ပြောလေသည်

"မင်းအဖိုးက ငါတို့အဖိုးကို ကယ်ခဲ့လို့ ငါ့အဖွားကမင်းကို ဖုမိသားစုဆီမှာ ခေါ်ထားခဲ့တာ။ပြီးတော့ မင်းမှာလည်းမိသားစုမရှိတော့လို့။ ငါတို့က မင်းကို စားစရာ၊နေစရာ အပြည့်အစုံ ပေးထားပေးတယ်။ ဒါကိုမင်းက မကျေနပ်နိုင်ဘူး။မင်းက ငါ့အစ်ကို ကို လက်ထပ်ပြီး ဖုမိသားစုရဲ့ မဒမ် ဖြစ်ချင်တယ်ပေါ့။အိမ်မက် မက်နေတာဘဲ"

"မုဝေဝေ မနေ့ညက တစ်ခုခုဖြစ်ခဲ့ပေမဲ့ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး"
....

ဂုဝေဝေသည် ပြန်ပြောစရာစကားဘာမှမရှိတော့ပေ။မနေ့ညက ဖြစ်ခဲ့တာမှာသူမကခံရတဲ့သူ၊ဒါပေမဲ့ အခုတော့ သူမကဘဲဖုဟန်ကျန် နစ်နာအောင်လုပ်ခဲ့မိတဲ့ပုံ
ဖြစ်နေလေတယ်

ဂုဝေဝေ ဘာမှမပြောတာကိုမြင်သောကြောင့် မန်ယုယသည် ချိုသာသောအသံဖြင့်သူမဘက်ကဝင်ပြောပေးလေသည်

"ဒု သခင်လေး မုဝေဝေက သူမရဲ့မိသားစုကိုဆုံးရှုံးတာကြောင့် အတော်ခံစားနေရတာ။ သူမ ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး"

"သူမ ရည်ရွယ်ပြီးလုပ်ခဲ့တာ။ဖုမိသားစုဆီရောက်လာပြီးတစ်ရက်မှမနားဘူး၊သူမက ငါ့အစ်ကို ကို လိုက်ကပ်နေတာ။ပြီးတော့ ငါ့အဖေရဲ့ရှေးဟောင်းပစ္စည်းကိုခွဲခဲ့သေးတယ်"

ဂုဝေဝေသည်ဘာမှပြန်ပြောမနေတော့ဘဲ လူတွေကိုလိုက်လေ့လာနေလေသည်
ဖုဟန်ကျန် သည် အချိန်ကြည့်ပြီး သခင်မကြီးကိုပြောလိုက်လေသည်
"ကျွန်တော် ပြန်မလာခင် သူမကိုမောင်းထုတ်ထားပါ၊ မဟုတ်ရင် ကျွန်တော် ကိုယ်တိုင် မောင်းထုတ်မယ်"

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Jan 21, 2022 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

ချိုမြိန်သောအချစ်Wo Geschichten leben. Entdecke jetzt