Part2- အခြားတစ်ယောက်အဖြစ်ပြန်လည်မွေးဖွားလာခြင်း

549 57 2
                                    

အမှောင်ထုထဲအကြာကြီးကျရောက်ပြီးနောက်ဂုဝေဝေသည်ရုတ်တရက်မျက်လုံးဖွင့်ခဲ့သည်။

သူမသည် လူနာကုတင်ပေါ်မှာမဟုတ်တော့ဘဲ အရောင်အေးအေးနဲ့အလှဆင်ထားတဲ့အခန်းထဲမှာဆိုတာ သတိထားမိခဲ့သည် ။အိပ်ခန်းနဲ့ဆက်နေတဲ့ရေချိုးခန်းမှာ တစ်ယောက်ယောက်ကရေချိုးနေသည်

သူမခေါင်းကိုကိုင်ကြည့်လိုက်သောအခါ သွေးထွက်နေသည်ကိုခံစားမိခဲ့သည်

သူမကိုယ့်ကိုယ် ကိုငုံကြည့်လိုက်သောအခါ ညဝတ်စုံ မလုံတလုံ လေးဘဲဝတ်ထားတာကိုတွေ့ရှိခဲသည်
သူမဒီထူးဆန်းတဲ့အခန်းထဲမှာအကြာကြီးမနေရဲတော့ပေ။ထို့ကြောင့်သူမခုံကိုအားယူပြီး အိပ်ခန်းထဲကထွက်ဖို့ကြိုးစားနေသည်

ရေချိုးခန်းတံခါးကလည်းပွင့်လာခဲ့သည်။
သူမသည် ခန္ဓာကိုယ်အပေါ်ပိုင်းရေစက်တွေရှိနေပြီးအောက်ပိုင်း တဘက် သာပတ်ထားသောယောက်ျားတစ်ယောက်၏ရင်ခွင်နှင့် ဆုံမိခဲ့သည်

အဲဒီယောက်ျားကကြွက်သားတောင့်တောင့်နဲ့ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားလေသည်

သူမ ခေါင်းမော့ကြည့်လိုက်သည်။ သူ့မျက်နှာကိုမြင်လိုက်ရသည့်အခါ သူမ တကယ်လန့်သွားခဲ့သည်

ဒီသူက.......ဖုဟန်ကျန်?

ဒီနေရာမှာသူမ သူနဲ့ဘာလုပ်နေတာလဲ?

ဖုဟန်ကျန်သည် ဖုမိသားစု စီးပွားရေးလုပ်ငန်း၏မန်နေဂျာဖြစ်သည်။Huaနိုင်ငံ၏ထိပ်ဆုံးစီးပွားရေးရှင်တစ်ဦးလည်းဖြစ်သည်

ပြီးတော့ ဂုမိသားစု၏အဆိုးဆုံးရန်သူ၊ပြိုင်ဖက်

ဖုဟန်ကျန်သည်မိန်းကလေး၏လက်မောင်းကိုလှမ်းဆွဲလိုက်သည်။ သူ့မျက်လုံးထဲမှာဒေါသမီးတောက်လောင်နေလေသည်"မင်းခုထိ လက်မလျှော့သေးဘူးလား"

"ဘာကိုလက်လျှော့ရမှာလဲ"

ဂုဝေဝေသည်ရုန်းထွက်ဖို့ကြိုးစားသည်။ လှမ်းဆွဲထားတာကြောင့် သူမ လက်မောင်းအနဲငယ်နာနေသည်

ဘာတွေဖြစ်နေတာလဲ။ သူမဆေးရုံမှာမဟုတ်ဘဲနဲ့ ဒီလူနဲ့ အတူတူရှိနေတယ်

ချိုမြိန်သောအချစ်जहाँ कहानियाँ रहती हैं। अभी खोजें